Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsမြဝတီမြို့နယ် အာရှလမ်းမကြီးတွင် "ပြောင်း"...

မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် “ပြောင်း” တင်လာသည့် တွဲကား​မှောက်ပြီး နှစ်ဦး​သေဆုံး

မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် “ပြောင်း” တင်လာသည့် တွဲကား​မှောက်ပြီး နှစ်ဦး​သေဆုံး

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ဃန်းညီနောင်အပိုင်ရှိ အာရှလမ်းမကြီးတွင် ယနေ့နံနက် ၁၀ နာ ရီခန့်က ပြောင်းဆန်များတင်လာသည့် ၂၂ ဘီးတွဲကား လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သည်ဟု သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

အာရှလမ်းမကြီး၏ ကွင်းကလေးတံတားအပေါ်ကွေ့ ကွမ်းသီးပြန်ကုန်းအဆင်း၌ လမ်းဘေးမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ် သည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူ၊ကားစပယ်ယာ၊ကားမောင်းသူ၏ ဇနီးဖြစ်သူနှင့်သားဖြစ်သူတို့မှ ကားအောက်တွင်ပိမိနေသဖြင့် သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ် ဆယ်ရေးအဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

“လေးယောက်လုံး ကားခေါင်းအောက်မှာပိပြီးညပ်နေတာ ကယ်ထုတ်ဖို့အတွက် သူတို့ကိုအောက်စီဂျင်ပေးပြီးမှ တွဲကားခေါင်းကိုကရိန်းနဲ့မပြီးကယ်ထုတ်ရတာ မြောင်းထဲကိုပက်လက်လှန်ကျသွားတာ အဲဒီနေရာကခနခနမှောက်တဲ့နေရာပါ”ဟု သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌကပြောသည်။

ဖြစ်စဥ်တွင် တွဲကားမောင်းသူနှင့်ဇနီးဖြစ်သူတို့မှ ကားအောက်၌ပိမိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကားမောင်းသူ၏သားဖြစ်သူနှင့်ကားစပယ်ယာတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့(မစိုးရိမ်ရ)လူနာများအဖြစ် တင်ပို့ခဲ့ရသည်။

“သေသွားတဲ့ ကားမောင်းတဲ့လူနဲ့သူဇနီးတို့ရဲ့ အ လောင်းတွေကို ရန်ကုန်ပြန်သယ်ဖို့ ကျွန်တော်တို့ကိုအကူအညီတောင်းထားပါတယ် ဒါ့ကြောင့် ရန်ကုန်ပြန်ပို့ဖို့စီစဥ်နေပါတယ်”ဟု အဖွဲ့ဥက္ကဋ္ဌကပြော သည်။

Photo-သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကယ်ဆယ်ရေးအဖွဲ့

Zaw Gyi

ျမဝတီၿမိဳ႕နယ္ အာရွလမ္းမႀကီးတြင္ “ေျပာင္း” တင္လာသည့္ တြဲကား​ေမွာက္ၿပီး ႏွစ္ဦး​ေသဆုံး

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္၊သဃၤန္းညီေနာင္အပိုင္ရွိ အာရွလမ္းမႀကီးတြင္ ယေန႔နံနက္ ၁၀ နာ ရီခန္႔က ေျပာင္းဆန္မ်ားတင္လာသည့္ ၂၂ ဘီးတြဲကား လမ္းေဘးထိုးက်တိမ္းေမွာက္ခဲ့သည္ဟု သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

အာရွလမ္းမႀကီး၏ ကြင္းကေလးတံတားအေပၚေကြ႕ ကြမ္းသီးျပန္ကုန္းအဆင္း၌ လမ္းေဘးေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္ သည္။

ျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ ကားေမာင္းသူ၊ကားစပယ္ယာ၊ကားေမာင္းသူ၏ ဇနီးျဖစ္သူႏွင့္သားျဖစ္သူတို႔မွ ကားေအာက္တြင္ပိမိေနသျဖင့္ သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ ဆယ္ေရးအဖြဲ႕ႏွင့္မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ကယ္ ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၾကသည္။

“ေလးေယာက္လုံး ကားေခါင္းေအာက္မွာပိၿပီးညပ္ေနတာ ကယ္ထုတ္ဖို႔အတြက္ သူတို႔ကိုေအာက္စီဂ်င္ေပးၿပီးမွ တြဲကားေခါင္းကိုကရိန္းနဲ႔မၿပီးကယ္ထုတ္ရတာ ေျမာင္းထဲကိုပက္လက္လွန္က်သြားတာ အဲဒီေနရာကခနခနေမွာက္တဲ့ေနရာပါ”ဟု သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕ ဥကၠ႒ကေျပာသည္။

ျဖစ္စဥ္တြင္ တြဲကားေမာင္းသူႏွင့္ဇနီးျဖစ္သူတို႔မွ ကားေအာက္၌ပိမိ၍ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ၿပီး ကားေမာင္းသူ၏သားျဖစ္သူႏွင့္ကားစပယ္ယာတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ျမဝတီၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔(မစိုးရိမ္ရ)လူနာမ်ားအျဖစ္ တင္ပို႔ခဲ့ရသည္။

“ေသသြားတဲ့ ကားေမာင္းတဲ့လူနဲ႔သူဇနီးတို႔ရဲ႕ အ ေလာင္းေတြကို ရန္ကုန္ျပန္သယ္ဖို႔ ကြၽန္ေတာ္တို႔ကိုအကူအညီေတာင္းထားပါတယ္ ဒါ့ေၾကာင့္ ရန္ကုန္ျပန္ပို႔ဖို႔စီစဥ္ေနပါတယ္”ဟု အဖြဲ႕ဥကၠ႒ကေျပာ သည္။

Photo-သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကယ္ဆယ္ေရးအဖြဲ႕

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071