Thursday, June 5, 2025

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...

ကုန်းတွင်းလုပ်ကွက် IOR – 6...

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း...

ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းပြောင်းရွှေ့မည် ဖြစ်သောကြောင့် ငါးမြို့နယ်တွင် ဓာတ်အား...

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို မနက်ဖြန် (ဇွန်- ၆) တွင်...
HomeNewsLocal Newsမြန်မာ-အိန္ဒိယနှစ်နိုင်ငံအတွက်အရေးကြီးသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအတွက်အရေးကြီးသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာအရအရေးပါသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်နေမှုအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့သည်။

“အခုစီမံကိန်းက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကူးလူးဆက်သွယ်မှု၊ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်သလို နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံ ကိန်းလုပ်ငန်းခွင်အတွင်းကြည့်ရှုစစ်ဆေးရာ စစ်တွေမြို့ဆိုင်ရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ 

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းပြီးစီးပါက မြန်မာ -အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းပိုမိုရရှိစေခြင်း၊အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများပေါ် ပေါက်လာပြီး အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသည့် ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ် သက်သော အခွင့်အလမ်းများရရှိလာနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားပြုပြင်ပြီးဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်ရေ အဆမတန်မြင့်တက်မှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး (လူကူး) ကြိုးတံတား အရှည် (၃၄၀)ပေ၊ အကျယ် (၆) ပေသည် မေလ (၃၁) ရက်တွင် မြစ်အတွင်းမျေ-ာပါသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျ-က်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက...

ကုန်းတွင်းလုပ်ကွက် IOR – 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်း

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင် တည်ရှိသည့် ကုန်းတွင်းလုပ်ကွက် IOR - 6 (မြန်အောင်ဒေသ) ဧရိယာ-၂ မှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုခွင့်ပြုပေးခဲ့သည့် IOR -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071