၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲ အုပ်စု အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းဟာ အာဖဂန်နစ္စတန် အသင်းကို ပထမပိုင်းပွဲချိန်မှာဘဲ သွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်နေပါတယ်။
အာဖဂန်နစ္စတန်နဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို ယနေ့ နိုဝင်ဘာ (၂၂)ရက် ညနေ့ (၄)နာရီမှာ ယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး ၊ မြန် မာအသင်းရဲ့ ဦးဆောင်ဂိုးကို ပထမပိုင်း (၃၃)မိနစ်အချိန်မှာ ကစားသမား မျိုးခန့်ကျော်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ယနေ့ပွဲစဉ်မှာ ကွင်းဝင်ကြေး အခမဲ့သတ်မှတ်ထားပြီး ကွင်းအတွင်း လာရောက်အားပေးတဲ့ပရိတ်သတ်လည်းများပြားတာကိုတွေ့ရပါတယ်။
လက်ရှိမှာ ဒုတိယပွဲချိန် စတင်နေပြီးဖြစ်တာကြောင့် ပွဲပြီးနောက်ဆုံးရလဒ်ဟာ ဘယ်လိုအခြေအနေရှိမယ်ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု့ရမယ့် အခြေအနေဖြစ်ပါတယ်။
