မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းမောင်(ငြိမ်း)နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG တို့ ဇွန် ၂၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များပိုမိုတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌဦးမျိုးအောင်(ငြိမ်း)၊ အထွေထွေအတွင်းရေးမှူးဦးကောင်းဇံ တို့လည်း တက်ရောက်ခဲ့ကြသည်။