မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိခင်နှင့် ကလေးေ-သဆုံးမှုလျော့နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲအား ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌စတင်ကျင်းပလျက်ရှိသည်။
နှီးနှောဖလှယ်ပွဲတွင် ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန Department to Educational Simulation Technologies in Medicine, National Medical Research Center for Obstetrics, Gynecology and Perinatology named after V.I.Kulakov မှ ဌာနမှူး Dr. Khamatkhanove Elizaveta က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား မိခင်နှင့်ကလေးကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအတွက် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများရှိသည်ဟု ပြောသည်။
မြန်မာနိုင်ငံမှ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံ မော်စကိုမြို့သို့ နှစ်စဉ်ဖိတ်ခေါ်ကာ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းပို့ချမှုများလည်းရှိပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လိုသည်ဟုလည်း ပြောကြားခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲအား ရန်ကုန်မြို့၌ (၅) ရက်ကြာ လူကိုယ်တိုင်၊ ဗီဒီယိုကွန်ဖရင့်စနစ်၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန V.I.Kulakov center မှ ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်များတက်ရောက်ကြမည်ဖြစ်သည်။
မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစကလေးငယ်များ၏ ကျန်းမာရေးအားကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
