မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင် ၂၀ ရက်နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေ ပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာပို့တံဆိပ်ခေါင်းသစ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေတည်တံ့ရေးဖိုရမ်အတွက်ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များတစ်စုတစ်စည်းတည်းစုဆောင်းနိုင်ကြရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
