Saturday, June 7, 2025

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...

စစ်ကိုင်းမြို့ရှိ ငလျင်ထိစာသင် ကျောင်းဆောင် (၂)ဆောင်မြန်မာနိုင်ငံ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်) ကျောင်းခန်းမတွင် ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲက စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ ထည်ဖော်ရေးအတွက် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး မစ္စ...
HomeNewsLocal Newsမြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ...

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၁ သန်းကျော်ပိုမိုရရှိထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၀ လတာနီးပါးကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ ၂၆ သန်းကျော်ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ထက်အမေရိကန်ဒေါ်လာ ၁ သန်းကျော်ပိုမိုရရှိထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၃ သန်းပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်းဝင်ငွေရရှိထားကြောင်းသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၄၄ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားပြီး ဒီဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခှမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန်တင်ပို့မှုမှာ မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နှင့် ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို သုဝဏ္ဏအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံတွင် ကျင်းပစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် လက်ဝှေ့ပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ရန် ကိစ္စများကိုလည်းထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် နိုင်ငံတော်မှ ဘီလီယံ (၂၀) ထောက်ပံ့

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့် အနီးကပ်သင်ကြားပေးသည့် ဆရာ/ဆရာမ (၆,၇၂၉) ဦးအတွက် စုစုပေါင်း ငွေကျပ်ဘီလီယံ (၂၀) ထောက်ပံ့ပေးထားကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ဇွန်လ (၆) ရက်က ကျင်းပသည် အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာကော်မတီအစည်းဝေးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ...

စစ်ကိုင်းမြို့ရှိ ငလျင်ထိစာသင် ကျောင်းဆောင် (၂)ဆောင်မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းက လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်) ကျောင်းခန်းမတွင် ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲက စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပေးအပ်လှူဒါန်းရာတွင် တက်ရောက်လာကြသူများက ငလျင်ဘေးသင့်၍ ပျံလွန်တော်မူသွားကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအား ရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် မတ်တပ်ရပ်ငြိမ်သက်ဂါရဝပြုကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် စပ်လျဉ်း၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071