ယနေ့ ဩဂုတ်(၂၅) ရက်၊ ည(၇) နာရီအချိန်တွင် မြန်မာ-ဗီယက်နမ် ယူ-၁၆ လက်ရွေးစင်အမျိုးသမီးအသင်းတို့ ယှဥ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်အပြီး ဂိုးမရှိရလဒ်ဖြင့် သရေထွက်ပေါ်နေသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ASEAN U -16 Women’s Champi -onship 2025 ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်ကို ယှဉ်ပြိုင်နေကြခြင်းလည်း ဖြစ်သည်။
ယနေ့ ယှဉ်ပြိုင်ကစားသည် ပွဲစဉ်သည် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအမျိုးသမီးအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရန် အရေးပါသည့် ပွဲစဉ်တစ်ခုလည်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို (၄) ဂိုးပြတ်ဖြင့် အနိုင်ရရှိထားသည်။
ပြိုင်ပွဲကို အုပ်စု (၃)စု ခွဲထားပြီး အုပ်စုပထမ(၃)သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယ(၁)သင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်သည်။
