Tuesday, May 26, 2026

နာဂ ရှိ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံနေကြပြီ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပ ထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေ ၂၅ ရက်တွင် ကျောင်းသား/သူ(၂၃၆)ဦးကျောင်းအပ်ခဲ့ကြောင်း သိရသည်။ ထန်ပါခွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌...

ပြည်မြို့နယ်၌ဖော်ဆောင်ထားသည့် တစ်ကွင်းတစ်ဆက်တည်းဧက(၃၀၀)ဟင်းသီးဟင်းရွက်အထူးဇုန်အောင်မြင်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တစ်ကွင်းတစ်ဆက်တည်းဧက(၃၀၀)ဟင်းသီးဟင်းရွက်အထူးဇုန်ဖော်ဆောင်ထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ အဆိုပါ ဇုန်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေးဝင်းက မေ ၂၅ ရက်တွင်ကြည့်ရှုအားပေးပြီး စားဖိုဆောင်သီးနှံမျိုးစုံစိုက်ခင်းအား ရာသီအလိုက်စဉ်ဆက်မပြတ် စိုက်ပျိုးရန်မှာကြားကာ...

ကွပ်ဒ် လေးနိုင်ငံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ နူးဒေလီတွင်...

ကွပ်ဒ်ဟု လူသိများသော အင်ဒို-ပစိဖိတ်ဒေသကို အဓိကထားသည့်အဖွဲ့၏ အရှိန်အဟုန်ကိုပြည်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အင်္ဂါနေ့တွင် နူးဒေလီ၌...

ဗဟိုဘဏ်က ဒေါ်လာ ၅.၅ သန်းကျော်...

မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၅.၅ သန်းကျော် ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ယင်းတွင် အမေရိကန်ဒေါ်လာ ၃,၀၃၃,၀၀၀ ကို...
HomeNewsLocal Newsမြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း အကြမ်းဖက်အဖွဲ့များ...

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း အကြမ်းဖက်အဖွဲ့များ ရှာဖွေဖေါ်ထုတ်ရေးအတွက် ဆွေးနွေးညှိနှိုင်း

ပထမအကြိမ် မြန်မာ-ထိုင်း(ကော့သောင်း-ရနောင်း)နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး(BLO) အစည်း အဝေးအား နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ပြုလုပ်စဥ် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှု ခင်းဌာနကြီး၊ ဒု-ဌာနကြီးမှူး ရဲမှူးကြီးကျော်ဇေယျ၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရာကာစစ်ဖေါ်ပရာစစ်၊ထိုင်းနိုင်ငံသံရုံး(ရန်ကုန်) ထိုင်းရဲဆက်ဆံရေးသံမှူးနှင့်ရနောင်းခရိုင်ရဲမှူးကြီး ချေ့ဖုန်ချီယူ ပရီချာတို့က အမှာစကားများပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသများကြား တရာမဝင်လမ်းကြောင်းများမှ အပြန်အလှန်ဝင်ရောက်မှုများ၊ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျောက် ဖြစ်ပွားလေ့ရှိသည့် ဒုစရိုက်မှုခင်းနှိမ်နင်းမှုဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာများ၊ နယ်စပ်ဒေသများအတွင်း အ ကြမ်းဖက်အဖွဲ့များ ရှာဖွေဖေါ်ထုတ်ရေးဆိုင်ရာ များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း နေထိုင်သည့် ပြည်သူများ၏ လူမှုဘဝအေးချမ်းသာယာရေးအတွက် အတူတကွပူးပေါင်းဖြေရှင်းဆောင် ရွက်ကြမည့် လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံဆက် ဆံရေးရုံးများကြား အပြန်အလှန် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းများအပါ အဝင် လုပ်ငန်းလိုအပ်ချက်များ၊ ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးညှိနိုင်ခဲ့ကြသည်။

ရနောင်းမြို့မှ ရေလမ်းခရီးဖြင့် ရောက်ရှိလာခဲ့ကြသည့် ထိုင်းနိုင်ငံတာဝန်ရှိသူများအား ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး အောင်မျိုးသန့်နှင့်တာဝန်ရှိသူများက ကော့သောင်းမြို့ရှိ ပြည်တော်အေးစေတီတော်၊ဘုရင့်နောင်မင်းတ ရားကြီးရုပ်တုကုန်းမြေနှင့်ဘုရင့်နောင်အငူများသို့ လိုက်လံပြသခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နာဂ ရှိ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံနေကြပြီ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပ ထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေ ၂၅ ရက်တွင် ကျောင်းသား/သူ(၂၃၆)ဦးကျောင်းအပ်ခဲ့ကြောင်း သိရသည်။ ထန်ပါခွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံခဲ့ရာ KG မှ G-11 အထိ ကျောင်း သား(၁၀၉)ဦး၊ ကျောင်းသူ(၁၂၇)ဦး(စုစုပေါင်း ၂၃၆ ဦး)ကျောင်းအပ်ခဲ့ကြပြီး ၎င်းတို့အား နိုင်ငံတော်အစိုးရကအခဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများကိုလည်းပေးအပ်ခဲ့ကြောင်း သိရသည်။  ယနေ့ မေ ၂၆ ရက်တွင်လည်း ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိကာ မေ ၃၁ ရက်အထိလက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။

ပြည်မြို့နယ်၌ဖော်ဆောင်ထားသည့် တစ်ကွင်းတစ်ဆက်တည်းဧက(၃၀၀)ဟင်းသီးဟင်းရွက်အထူးဇုန်အောင်မြင်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တစ်ကွင်းတစ်ဆက်တည်းဧက(၃၀၀)ဟင်းသီးဟင်းရွက်အထူးဇုန်ဖော်ဆောင်ထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ အဆိုပါ ဇုန်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေးဝင်းက မေ ၂၅ ရက်တွင်ကြည့်ရှုအားပေးပြီး စားဖိုဆောင်သီးနှံမျိုးစုံစိုက်ခင်းအား ရာသီအလိုက်စဉ်ဆက်မပြတ် စိုက်ပျိုးရန်မှာကြားကာ စာဖိုးဆောင်သီးနှံမျိုးစေ့များ ပေးအပ်ခဲ့သည်။

ကွပ်ဒ် လေးနိုင်ငံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ နူးဒေလီတွင် တွေ့မည်

ကွပ်ဒ်ဟု လူသိများသော အင်ဒို-ပစိဖိတ်ဒေသကို အဓိကထားသည့်အဖွဲ့၏ အရှိန်အဟုန်ကိုပြည်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အင်္ဂါနေ့တွင် နူးဒေလီ၌ တွေ့ဆုံကြမည်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်ပ် လက်ထက်တွင် ယင်းအဖွဲ့၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။     နိုင်ငံများ၏ ထိပ်တန်းသံတမန်များဖြစ်သည့် သြစတြေးလျမှ ပင်နီဝေါင်၊ အိန္ဒိယမှ အက်စ် ဂျေးရှန်ကာ၊ ဂျပန်မှ တိုရှီမစ်ဆု မိုတီဂီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့၏ တွေ့ဆုံမှုသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။       အဆိုပါလေးနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071