ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ်မှ ဘွဲ့ရရှိမည့်သူများအနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးတွင် အပြန်အလှန်အထောက်အကူပြုနေသည့် ကောင်းမြတ်သော အစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ဆောင်ရန် မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေက မှာကြားသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေမှ ယနေ့ ဇွန် ၂၀ ရက်က မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နေသည့် ပေကျင်းမြို့၊ ပေကျင်းနိုင်ငကျောင်းသူများတက်ရောက်နေသည့်(BFSU)၌ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
အနာဂတ်ကာလတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များအဖြစ် နိုင်ငံ့အကျိုးကိုသယ်ပိုးထမ်းဆောင်နိုင်ရေး၊ မတူညီမှုများကို ပေါင်းကူးပေးနိုင်သော မျိုးဆက်သစ်ပညာရှင်များဖြစ်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်လည်း မြန်မာသံအမတ်ကြီးက တို-က်တွန်းမှာကြားခဲ့သည်။
ထို့ပြင် မြန်မာသံအမတ်ကြီးမှ အခမ်းအနားအပြီးတွင် ယင်းတက္ကသိုလ်၌ တက်ရောက်နေသော မြန်မာ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာဘာသာ လေ့လာသင်ယူနေသော တရုတ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ တက္ကသိုလ်မှ သင်ကြားပေးနေသည့် ပညာရပ်များကိုကြိုးစားလေ့လာရန်၊ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းနေမွန်မှုကို လက်ဆင့်ကမ်းမြှင့်တင်နိုင်ရေးကြိုးပမ်းရန်၊ တက္ကသိုလ်၌ စည်းကမ်းတကျလိုက်နာနေထိုင်ရန်နှင့် လိုအပ်သည်များရှိပါက မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့အတူ မြန်မာသံအမတ်ကြီးသည် ဘွဲ့နှင်းသဘင်အခမ်းအနားမစတင်မီ တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ Mr. WANG Dinghua၊ ပေကျင်းနိုင်ငံခြားဘာသာလေ့လာရေးတက္ကသိုလ် ပါမောက္ခချုပ် Mr. JIA Wenjian နှင့် ဒု-ပါမောက္ခချုပ်တို့အားတွေ့ဆုံ၍ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးအခြေအနေနှင့် တက္ကသိုလ်၌တက်ရောက်နေသော မြန်မာနိုင်ငံမှ ကျောင်းသားများ၏ ပညာသင်ကြားရေးအခြေအနေများအား မေးမြန်းပြီး ၎င်းတို့အား တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးရန် ဆွေးနွေးပြောကြားခဲ့သည်။