Monday, August 3, 2026

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...

အာရှသိပ္ပံစခန်းချနေထိုင်ခြင်း အစီအစဉ် (Asian Science...

ရန်ကုန်၊ ဩဂုတ် ၃ တရုတ်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ်၌ ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အာရှသိပ္ပံစခန်းချနေထိုင်ခြင်း...
HomeNewsLocal Newsမြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းသစ် အကောင်အထည်ဖော်နိုင်ရေးဆွေးနွေး

မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းသစ် အကောင်အထည်ဖော်နိုင်ရေးဆွေးနွေး

(Unicode)

မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းသစ် အကောင်အထည်ဖော်နိုင်ရေးဆွေးနွေး

နိုင်ငံတကာကကုန်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်းကနေတဆင့် တရုတ်နိုင်ငံတောင်ပိုင်းနဲ့အနောက်ပိုင်းပြည်နယ်တွေကို ဆက်လက်ဖြန့်ဖြူးနိုင်ရေး ကုန်သွယ်ရေးလမ်းကြောင်းသစ်ကိစ္စအတွက် မြန်မာ-တရုတ်တာဝန်ရှိသူတွေ ဖေဖော်ဝါရီ၁၆ရက်က ဆွေးနွေးခဲ့ကြတယ်လို့ နစကရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းတစ်ရပ်အရသိရပါတယ်။

တရုတ်နိုင်ငံ ချုံချင့်မြို့အခြေစိုက် South Asia Future Investment Group Pte.Ltd ဥက္ကဌMr.Zhang Jun နဲ့ နစကရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးတို့ ဖေဖော်ဝါရီ၁၆ရက်ကနေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာမှာ အဲ့ဒီ့ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခဲ့တာပါ။

ဆွေးနွေးမှုနဲ့ ပတ်သတ်ပြီး ဝန်ကြီးဌာနဘက်ကတော့ နိုင်ငံတကာက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းကနေတဆင့် နယ်စပ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံတောင်ပိုင်းနဲ့အနောက်ပိုင်းက ပြည်နယ်တွေဆီ ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို စတင်အကောင်အထည်ဖော်နိုင်ရေးဆွေးနွေးခဲ့ကြတယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

အသေးစိတ်ကိုတော့ ထည့်သွင်းထုတ်ပြန်တာမျိုးမရှိပေမယ့် ကုန်သွယ်မှုအရေးအကဲခတ်သူတွေကတော့ ရန်ကုန်ဆိပ်ကမ်းကနေတဆင့် တိုင်း၊ပြည်နယ်တွေကိုဖြတ်ပြီး ကုန်းလမ်းကြောင်းနဲ့ တရုတ်နယ်စပ်တွေဆီ အရောက်သွားမယ့် လမ်းကြောင်းသစ် လို့ မှတ်ချက်ပြုကြပါတယ်။ မူလအသုံးပြုနေကြလမ်းကြောင်းနဲ့ တရုတ်တောင်ပိုင်းနဲ့အနောက်ပိုင်းတွေဆီ ပင်လယ်ရေလမ်းကြောင်းကနေနောက်ပြီး ကုန်းလမ်းကြောင်းတွေနဲ့ အဆင့်ဆင့်ပို့ရတာမှာ မြန်မာနိုင်ငံက ကုန်းလမ်းကြောင်းကို သုံးရင် အချိန်ပိုမြန်နိုင်တာမို့ ဆွေးနွေးနေမှုလမ်းကြောင်းသစ်ကိစ္စက မြန်မြန်အကောင်အထည်ဖော်လာနိုင်တယ်လို့လည်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံ ချုံ ချင့်မြို့အခြေစိုက် South Asia Future Investment Group Pte.Ltd ဥက္ကဌMr.Zhang Jun နဲ့ နစကရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးတို့ဆွေးနွေးမှုမှာ မြန်မာနိုင်ငံမှာ ရေထွက်ပစ္စည်းမွေးမြုထုတ်လုပ်တင်ပို့မှု၊အိမ်ခြံမြေ၊မြို့ပြအဆောက်အဦး၊ခရီးသွား၊အွန်လိုင်းကနေတဆင့် မြန်မာ့ထွက်ကုန်များ ရောင်းချရေးနဲ့ကျောက်မျက်ရတနာလုပ်ငန်းများအတွက်ရင်းနှီးမြှပ်နှံမှု စတာတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

(Zawgyi)

ျမန္မာ-တ႐ုတ္ကုန္သြယ္ေရးလမ္းေၾကာင္းသစ္ အေကာင္အထည္ေဖာ္ႏိုင္ေရးေဆြးေႏြး

ႏိုင္ငံတကာကကုန္ပစၥည္းေတြကို ရန္ကုန္ဆိပ္ကမ္းကေနတဆင့္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းနဲ႔အေနာက္ပိုင္းျပည္နယ္ေတြကို ဆက္လက္ျဖန႔္ျဖဴးႏိုင္ေရး ကုန္သြယ္ေရးလမ္းေၾကာင္းသစ္ကိစၥအတြက္ ျမန္မာ-တ႐ုတ္တာဝန္ရွိသူေတြ ေဖေဖာ္ဝါရီ၁၆ရက္က ေဆြးေႏြးခဲ့ၾကတယ္လို႔ နစကရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ သတင္းတစ္ရပ္အရသိရပါတယ္။

တ႐ုတ္ႏိုင္ငံ ခ်ဳံခ်င့္ၿမိဳ႕အေျခစိုက္ South Asia Future Investment Group Pte.Ltd ဥကၠဌMr.Zhang Jun နဲ႔ နစကရင္းႏွီးျမႇပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးေအာင္ႏိုင္ဦးတို႔ ေဖေဖာ္ဝါရီ၁၆ရက္ကေနျပည္ေတာ္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့တာမွာ အဲ့ဒီ့ကိစၥကိုပါ ထည့္သြင္းေဆြးေႏြးခဲ့တာပါ။

ေဆြးေႏြးမႈနဲ႔ ပတ္သတ္ၿပီး ဝန္ႀကီးဌာနဘက္ကေတာ့ ႏိုင္ငံတကာက ကုန္ပစၥည္းေတြကို ျမန္မာႏိုင္ငံ ရန္ကုန္ဆိပ္ကမ္းကေနတဆင့္ နယ္စပ္ကို ျဖတ္သန္းၿပီး တ႐ုတ္ႏိုင္ငံေတာင္ပိုင္းနဲ႔အေနာက္ပိုင္းက ျပည္နယ္ေတြဆီ ဆက္လက္ျဖန႔္ျဖဴးႏိုင္ေရးအတြက္ ကုန္သြယ္ေရးလမ္းေၾကာင္းသစ္ကို စတင္အေကာင္အထည္ေဖာ္ႏိုင္ေရးေဆြးေႏြးခဲ့ၾကတယ္လို႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။

အေသးစိတ္ကိုေတာ့ ထည့္သြင္းထုတ္ျပန္တာမ်ိဳးမရွိေပမယ့္ ကုန္သြယ္မႈအေရးအကဲခတ္သူေတြကေတာ့ ရန္ကုန္ဆိပ္ကမ္းကေနတဆင့္ တိုင္း၊ျပည္နယ္ေတြကိုျဖတ္ၿပီး ကုန္းလမ္းေၾကာင္းနဲ႔ တ႐ုတ္နယ္စပ္ေတြဆီ အေရာက္သြားမယ့္ လမ္းေၾကာင္းသစ္ လို႔ မွတ္ခ်က္ျပဳၾကပါတယ္။ မူလအသုံးျပဳေနၾကလမ္းေၾကာင္းနဲ႔ တ႐ုတ္ေတာင္ပိုင္းနဲ႔အေနာက္ပိုင္းေတြဆီ ပင္လယ္ေရလမ္းေၾကာင္းကေနေနာက္ၿပီး ကုန္းလမ္းေၾကာင္းေတြနဲ႔ အဆင့္ဆင့္ပို႔ရတာမွာ ျမန္မာႏိုင္ငံက ကုန္းလမ္းေၾကာင္းကို သုံးရင္ အခ်ိန္ပိုျမန္ႏိုင္တာမို႔ ေဆြးေႏြးေနမႈလမ္းေၾကာင္းသစ္ကိစၥက ျမန္ျမန္အေကာင္အထည္ေဖာ္လာႏိုင္တယ္လို႔လည္း အကဲခတ္ေတြက သုံးသပ္ၾကပါတယ္။

တ႐ုတ္ႏိုင္ငံ ခ်ဳံ ခ်င့္ၿမိဳ႕အေျခစိုက္ South Asia Future Investment Group Pte.Ltd ဥကၠဌMr.Zhang Jun နဲ႔ နစကရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးေအာင္ႏိုင္ဦးတို႔ေဆြးေႏြးမႈမွာ ျမန္မာႏိုင္ငံမွာ ေရထြက္ပစၥည္းေမြးျမဳထုတ္လုပ္တင္ပို႔မႈ၊အိမ္ၿခံေျမ၊ၿမိဳ႕ျပအေဆာက္အဦး၊ခရီးသြား၊အြန္လိုင္းကေနတဆင့္ ျမန္မာ့ထြက္ကုန္မ်ား ေရာင္းခ်ေရးနဲ႔ေက်ာက္မ်က္ရတနာလုပ္ငန္းမ်ားအတြက္ရင္းႏွီးျမႇပ္ႏွံမႈ စတာေတြလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

International Youth Day 2026 အတွက် အသိပညာပေး ဗီဒီယိုပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့် အသိပညာပေး အကြောင်းအရာများကို ဗီဒီယိုပြိုင်ပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Youth Stars Official Facebook စာမျက်နှာမှတစ်ဆင့် အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ပြိုင်ပွဲတွင် ဖုန်း၊ ကင်မရာ သို့မဟုတ် AI နညာများကို အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် ဖန်တီးယှဉ်ပြိုင်နိုင်ပြီး ဗီဒီယို ကြာမြင့်ချိန်ကို အနည်းဆုံး ၁ မိနစ်ခွဲမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071