နစက ဒု-ဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ ကူဝိတ်နိုင်ငံသံအမတ်ကြီး မစ္စတာမူဘာရက်(ခ်) အမ် အေ အလက်ဝါနီကိုအား စက်တင်ဘာ ၇ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-ကူဝိတ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု၊စွမ်းအင်နှင့်အလုပ်သမားကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံကြား သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်သွားရေးနှင့်လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာများတွင် အထူးသဖြင့် အာဆီယံ-အာရပ်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့်ကုလသမဂ္ဂမူဘောင်အောက်မှ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေး နွေးခဲ့ကြသည်။
