Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeMoviesမြန်မာ့အွန်လိုင်းဈေးကွက်၏ အမှတ်အသားတစ်ခုဖြစ်ခဲ့သော Shop...

မြန်မာ့အွန်လိုင်းဈေးကွက်၏ အမှတ်အသားတစ်ခုဖြစ်ခဲ့သော Shop App MM  နိဂုံးချုပ်တော့မည်

မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးဝယ်စနစ်ကို စတင်ခေတ်စားစေခဲ့ပြီး ပြည်သူများ၏ နေ့စဉ်ဘဝအတွင်း နှစ်ပေါင်းများစွာ အခြေချခဲ့သည့် Shop App MM သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း အပြီးတိုင် ရပ်နားတော့မည်ဖြစ်သည်။

ကုမ္ပဏီဘက်မှ ဧပြီလ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ဤသတင်းသည် အွန်လိုင်းဈေးဝယ်သူများအကြားတွင် များစွာ အံ့အားသင့်စေခဲ့သည်။

ယင်းကဲ့သို့ လုပ်ငန်းရပ်နားရန် ဆုံးဖြတ်ခြင်းမှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းနှင့် နှစ်ပေါင်းများစွာအတွင်း ဝယ်ယူသူများ၏ ယုံကြည်အားပေးမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း ကုမ္ပဏီဘက်က ဆိုသည်။

လက်ရှိတွင် နောက်ဆုံးအမှာစာများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိသာ လက်ခံတော့မည်ဖြစ်ရာ မှာယူလိုသည့် ပစ္စည်းများရှိပါက အချိန်မီဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

လုပ်ငန်းများ အပြီးသတ်ရပ်နားခြင်း မပြုမီကာလအတွင်း ဝယ်ယူသူများ စိုးရိမ်ပူပန်မှုမရှိစေရန်အတွက် ကုမ္ပဏီဘက်က အာမခံချက်တစ်ခုကိုလည်း ထည့်သွင်းကြေညာထားသည်။ လက်ရှိ လက်ခံထားပြီးဖြစ်သည့် အမှာစာများ ပို့ဆောင်ခြင်း၊ ပစ္စည်းများ ပြန်လည်ပေးပို့ခြင်းနှင့် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်အားလုံးကို တာဝန်ယူမှုအပြည့်ဖြင့် အဆင်ပြေချောမွေ့အောင် အပြီးသတ် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂ နှစ်တိုင်တိုင် မြန်မာ့စီးပွားရေး အပြောင်းအလဲများကြားတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည့် Shop app  အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်း၏ နောက်ကွယ်တွင် စီးပွားရေးနှင့် မဟာဗျူဟာမြောက် စိန်ခေါ်မှုများစွာ ရှိနေမည်ဖြစ်သည်။

မိခင်ကုမ္ပဏီဖြစ်သည့် Daraz Group သည် ပြီးခဲ့သည့် နှစ်များအတွင်း တောင်အာရှဒေသတစ်ခွင်၌ လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချရေးနှင့် ဝန်ထမ်းအင်အား ပြန်လည်ပြင်ဆင်ရေးတို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။
Alibaba ကဲ့သို့သော ကုမ္ပဏီကြီးများက ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ လုပ်ငန်းများကို အပိုင်းလိုက် ခွဲထုတ်ကာ ပြန်လည်ဖွဲ့စည်းနေချိန်တွင် မြန်မာနိုင်ငံကဲ့သို့သော ဈေးကွက်ငယ်များမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းသည်လည်း အချက်တစ်ချက် ဖြစ်နိုင်ပါသည်။

အစဉ်အလာကြီးမားခဲ့သည့် လုပ်ငန်းတစ်ခု ပျောက်ကွယ်သွားသော်လည်း ယင်းက ချန်ရစ်ခဲ့သည့် အွန်လိုင်းဈေးဝယ် အတွေ့အကြုံများနှင့် ဈေးကွက်လိုအပ်ချက်များကို အခြားသော ပြည်တွင်းလုပ်ငန်းရှင်များက မည်သို့ ဆက်လက်ဖြည့်ဆည်းသွားမည်ကိုမူ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071