ယနေ့ ဩဂုတ် (၃၀) ရက်တွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမ၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် – ၂ဝ၂၅ ကျင်းပခဲ့သည်။
အဆိုပါပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက တတ်ရောက်အမှာစကားပြောကြားခဲ့သည်။
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့ကပူးတွဲ၍ စီစဉ်ကျင်းပခြင်းဖြစ်သည်။
” ဒီဖိုရမ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်ပညာရှင်တွေ၊ လူငယ်ခေါင်းဆောင်တွေ၊ လုပ်ငန်းခွင်ထဲရောက်နေကြတဲ့ လူငယ်တွေကို ဖိတ်ကြားတက်ရောက်စေပြီးတော့ သူတို့ကတစ်ဆင့် လူငယ်များအကြားမှာပြောင်းလဲနေတဲ့ ကမ္ဘာနဲ့ မြန်မာ့အခြေအနေတွေကို ပထဝီနိုင်ငံရေးရှုထောင့်၊ ပထဝီစီးပွားရေးရှုထောင့်ကနေ ရှုမြင်တတ်စေဖို့၊ လူငယ်တွေကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနဲ့ လူမှုဆက်ဆံရေးကျွမ်းကျင်မှု အရည်အချင်းတွေ မြင့်မားလာစေဖို့၊နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းတွေ ရှုမြင်အဆိုပြုနိုင်စေဖို့၊ အမျိုးသားအဆင့်နဲ့ ဒေသဆိုင်ရာအဆင့် အစီအစဉ်တွေမှာ တက်ကြွတဲ့ ဖိုရမ်းဆင်းလူငယ်ကွန်ရက် ဖန်တီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စီစဉ်ကျင်းပပေးတာဖြစိပါတယ်” ဟုနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းကပြောသည်။
အဆိုပါ ဖိုရမ်ကို သုံးရက်ကြာကျင်းပသွားမည်ဖြစ်ပြီး လူငယ်များ၏ စကားဝိုင်းဆွေးနွေပွဲများလည်း ပါဝင်ကြောင်း သိရသည်။
