မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် Mr. Tesuro Uki သည် ယမန်နေ့က ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ မကျော်လွန်ခဲ့သည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပွဲစဉ်များတွင် မြန်မာအသင်းသည် နှစ်ပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ၆ မှတ်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အုပ်စုတွင် ကျန်ခဲ့ခြင်း ဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် ဂျပန်နိုင်ငံသား နည်းပြ ယုကီသည် ၂၀၂၃ ဆီးဂိမ်းစ်တွင် ဒုတိယ၊ ၂၀၂၅ နီပေါ ဖိတ်ခေါ်ဖလား ချန်ပီယံဆု နှင့် ၂၀၂၅ အာဆီယံချန်ပီယံရှစ်တွင် ဒုတိယဆုတို့ရရှိခဲ့ပြီး အိုလံပစ် ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲတို့တွင် ခြေစစ်ပွဲ မအောင်ခဲ့ပေ။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် Mr. Tesuro Uki ၏ အနာဂတ်တွင် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်ကို တွေ့ရသည်။
