Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဟောင်ကောင်အသင်းကို...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဟောင်ကောင်အသင်းကို (၄)ဂိုးပြတ်ဖြင့် အနိုင်ယူ

ယမန်နေ့ အောက်တိုဘာ (၂၃)ရက် ညနေပိုင်းအချိန်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့် ဟောင်ကောင် အမျိုးသမီးအသင်းတို့ ပထမအကျော့ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၄)ဂိုး(၁)ဂိုးဖြင့် ပွဲပြီး ရလဒ်ထွက်ပေါ်ကာ အနိုင်ရရှိခဲ့သည်။

အဆိုပါ အသင်း(၂)သင်းသည် အောက်တို့ဘာ(၂၆)ရက်တွင် ဒုတိယ အကျော့အနေဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့ နောက်ဆုံး တွေ့ဆုံခဲ့သည့်ပွဲမှာ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှ အားကစားပြိုင်ပွဲတွင်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိထားခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်‌အေးတို့က ကိုင်တွယ်လျက်ရှိသည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပ နိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်။

အလားတူ ၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ်ကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေရာ ယမန်နေ့က အုပ်စုအဖွင့်ပွဲစဉ်အတွင်း လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် ယီမင်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယီမင်အသင်းက ပွဲပြီးဆုံးချိန်တွင် (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I)အတွင်း ဗီယက်နမ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့တစ်အုပ်စုတည်းကျရောက်နေပြီး၊ အောက်တိုဘာ(၂၅) ရက် မြန်မာစံတော်ချိန် ည (၆)နာရီခွဲ၌ ဗီယက်နမ်အသင်းနှင့် လည်း‌ကောင်း၊ အောက်တိုဘာ (၂၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၃)နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းနှင့်လည်းကောင်း အသီးသီးထပ်မံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါ ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် (၁၀) သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071