အာဆီယံ ယူ -၂၃ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်းသည် ယနေ့ ဇူလိုင် (၁၄)ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့သို့ ထွက်ခွာခဲ့ပြီဖြစ်သည်။
မြန်မာအသင်းသည် အင်ဒိုးနီးရှားနိုင်ငံတွင် ယခုလ ဇူလိုင်လ (၁၅)ရက်မှ (၂၉) ရက်အထိ ကျင်းပမည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထိုင်း၊ တီမောအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် ယူ-၂၃ အသင်းသည် ဇူလိုင်လ (၁၆)ရက်တွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် တီမောလက်စ်တေအသင်း၊ ဇူလိုင်လ (၂၂)ရက်တွင် ထိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
