Friday, June 20, 2025

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...
HomeNewsမြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ...

မြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ ညွန့်ဝင်းပြီးလျှင် ရန်​အောင်ဖြစ်လာ
“စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုရခဲ့သည့်  အကယ်ဒမီများရှင် ရန်အောင်

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို စောင်နီလေးတစ်ထည် ဇာတ်ကားဖြင့် အကယ်ဒမီ (၇) ဆုရှင် ဖြစ်လာသည့် အကယ်ဒမီများရှင် ရန်အောင်ကရရှိခဲ့သည်။

အကယ်ဒမီ ရန်အောင်ဆုရသည့်ထိုဇာတ်ကားသည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားပြီး ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ် ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆို င်းဇီနှင့် အနုပညာရှင်များပါဝင်သရုပ်​ဆောင်ထားသည့် တပ်မတော် ဂုဏ်ပြု ဇာတ်ကားတစ်ကား ဖြစ်သည်။

ထို့ပြင် အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း စောင်နီလေးတစ်ထည် ဇာတ်ကားမှ တင်အောင်စိုး(ပန်းမြို့တော်)က ရရှိထားသည်။

အကယ်ဒမီ ရန်အောင်သည် ၁၉၉၁ ခုနှစ်၌ မယ်သီတာလိုမိန်းကလေး၊ ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ၊ ၁၉၉၆ ခုနှစ်တွင် အလင်းဖျော့ကောင်းကင်၊၁၉၉၈ ခုနှစ်တွင်ညမင်းသား၊၂၀၀၀ ပြည့်နှစ်တွင် မောဟမျဉ်းပြိုင်းများ၊၂၀၀၆ ခုနှစ်တွင် ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာတို့ ဖြင့် အကောင်းဆုံးအ မျိုးသားဇာတ်ဆောင်ဆုများရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဦးညွန့်ဝင်းနှင့် ရန်အောင်သာအကယ်ဒမီ (၇)ဆုအထိရရှိထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် တို-က်ခို-က်နေခဲ့သည်မှာ ၇ ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိက၏ ဘန်ကာဖျက်ဗုံးများမှအပ ကျန်လက်နက်များသည် တိုးမပေါက်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှိသည်ဟု ယူဆထားသော တောင်တစ်လုံး၏အောက်တွင် တည်ဆောက်ထားသည့် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို တို-က်ခို-က်ခြင်းဖြင့် အီရန်ကို စတင်တို-က်ခို-က်မည်လားဆိုသည်ကို ထရမ့်ပ်က ချိန်ဆလျက်ရှိသည်။ သူ၏ သတင်းထုတ်ပြန်ချက်ကို...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ် တောင်းဆို

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်၌ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်း ဆူဗာရီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းနှင့် မီဒီယာများ၌ အများက ထင်မြင်ယူဆချက်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့နေမှုကြောင့် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စိုးရိမ်မိသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင် ယိုင်နဲ့နေခဲ့သဖြင့် ကားလေးများနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကားကြီးဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ကျိုးကျခဲ့ရခြင်းဖြစ်ပြီး ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာ(အနည်းငယ်)သာရရှိခဲ့ကြောင်း သိရသည်။ " လတ်တလောကတော့ အရင်ကရှိထားတဲ့အတိုင်း တံတားရှောင်ကွင်းလမ်းကဘဲသွားနေရတယ်။ အဲဒီ ရှောင်ကွင်းလမ်းက အရင်ထဲကကားကြီးတွေသွားဖို့လုပ်ပေးထားတာပါ။ လမ်းကမိုးရွာတာနဲ့ကားကြီးတွေသွားတာနဲ့ဆိုတော့ ရွှံ့တွေများတယ်။ ကားလေးတွေကတော့ဖြ-တ်သွားဖို့မလွယ်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ နမ့်ကော်တံတားကျိုးကျသွားသဖြင့် ကုန်စည်စီးဆင်းမှုအချို့ပြ-တ်တောက်လျက်ရှိ၍ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071