မြန်မာ့ရိုးရာ ပန်းဆယ်မျိုး အထိမ်းအမှတ်အဖြစ် အထူးထု တ် (၂,၀၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်အသိ ပေးထားသည်။
အဆိုပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းကို လာမည့် မေ (၅) ရက်၊ နံနက် (၉) နာရီခွဲအချိန်ကစပြီး နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများ၌ တပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့ပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေ (၅)ရက်တွင် ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေးစာတိုက်ကြီးတို့၌ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။