Tuesday, December 16, 2025

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...
HomeNewsLocal Newsမြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော...

မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်းရပ်တည်ပေးသော နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

မိတ်ဆွေကောင်း၏အရေးပါမှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

” လူရယ်လို့ဖြစ်လာရင် မိတ်ကောင်းဆွေမွန်ရှိဖို့လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးနားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ရင် စေတနာနဲ့ဝေဖန်ထောက်ပြမှုတွေဟာ မိတ်ဆွေအချင်းချင်းပြုမူပေးတတ်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ အဲ့လို မိတ်ဆွေကောင်းတွေကိုပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမယ့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင်လျှောက်လှမ်းနိုင်ကြမှာပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည့် မိမိတို့နိုင်ငံတော်ကြီးသည်လည်း မိတ်ဆွေကောင်းများပိုင်ဆိုင်ထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ပြောသည်။

” မိမိတို့နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားဘက်ကအရှိအတိုင်းရပ်တည်ပေးတဲ့နိုင်ငံတွေဟာ နိုင်ငံတော်ရဲ့မိတ်ဆွေကောင်းတွေပဲဖြစ်ပါတယ်။ မကြာခင်ကဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရချိန်မှာ အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ပေးဖို့ရောက်လာတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေ ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်နေထိုင်ရေးကဏ္ဍစုံမှာပံ့ပိုးကူညီပေးကြတဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံတွေဟာ မိမိတို့နိုင်ငံအတွက်မိတ်ဆွေကောင်းတွေလို့ဆိုရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စာအုပ်စာပေများသည် လူသားတို့၏ မိတ်ဆွေများဖြစ်၍ လူများ၏စိတ်ကိုနူးညံ့စေသည့် ရသစာပေများ၊ အတွေးအခေါ်ဗဟုသုတမြင့်မားစေသည့် သုတစာပေများကို ဖတ်ရှုလေ့လာပြီး မိမိ၏ ဘဝအစဉ်တိုးတက်နေအောင်ကြိုးပမ်းပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် အနာဂတ် သားကောင်းရတနာများဖြစ်အောင်ကြိုးပမ်းသွားကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071