Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalမြန်မာအိမ်အကူအား နှိပ်စက်သည့် စင်္ကာပူအိမ်ရှင်အမျိုးသမီး...

မြန်မာအိမ်အကူအား နှိပ်စက်သည့် စင်္ကာပူအိမ်ရှင်အမျိုးသမီး ထောင်ဒဏ်၊ငွေဒဏ်ချမှတ်ခံရ

မြန်မာအိမ်အကူအား နှိပ်စက်သည့် စင်္ကာပူအိမ်ရှင်အမျိုးသမီး ထောင်ဒဏ်၊ငွေဒဏ်ချမှတ်ခံရ

စင်္ကာပူ၊မေ ၃၀

မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်ညှဉ်းပမ်းခဲ့သည့် စင်္ကာပူအိမ်ရှင်အမျိုးသမီးအား စင်္ကာပူဒေါ်လာတစ်ထောင်နှင့် ထောင်ဒဏ်ငါးလကျခံစေရန် ယ​နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

အသက် ၃၅ နှစ်အရွယ်ရှိ Zhao Lin ဆိုသူအမျိုးသမီးသည် အိမ်အကူအား နာကျင်စေမှု လေးခုနှင့် အိမ်အကူအမျိုးသမီး၏ ဖုန်းအားဖျက်စီးခဲ့မှုအတွက် စွဲချက်တစ်မှု စုစုပေါင်းအမှုငါးမှုအတွက် အပြစ်ရှိကြောင်း သူမကိုယ်တိုင်ဝန်ခံခဲ့သည်။

ယခုအမိန့်သည် အမှုတစ်ခုစာအတွက်ဖြစ်ကာကျန်လေးမှုကိုမူ စီရင်ချက်မချရသေးပေ။Zhao ၏အိမ်တွင် မြန်မာအိမ်အကူအမျိုးသမီးသည် ၂၀၁၆ ခုနှစ်ကတည်းကစတင်အလုပ်ဝင်ခဲ့ခြင်းဖြစ်ကာ Zhao သည်သူမ၏ပထမဆုံး အလုပ်ရှင်ဖြစ်သည်။

ထိုအချိန်က အသက်လေးနှစ်အရွယ်ရှိ Zhao ၏ကလေးအားထိန်းသိမ်းစောင့်ရှောက်ခြင်းအပါအဝင် အခြားအိမ်မှုကိစ္စများအတွက် အိမ်အကူအမျိုးသမီးအား ငှားရမ်းခဲ့ခြင်းဖြစ်သည်။တစ်နှစ်ခန့်ကြာသည်အထိ ဘာပြဿနာမှမရှိခဲ့ပဲ ၂၀၁၇ ခုနှစ်မှစကာ Zhao သည်အိမ်အကူအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းခွင်အမှားများ (ပန်းကန်ခွက်ယောက်ကွဲခြင်း) လုပ်မိပါက လစာ စင်္ကာပူဒေါ်လာ ငါးရာရသည့်အထဲမှ ‌‌ ဒေါ်လာတစ်ရာမှနှစ်ရာအထိဖြတ်ခြင်းအပါအဝင်၊ရိုက်နှက်ကန်ကျောက်ခြင်းများအထိပါပြုလုပ်ခဲ့သည်။

ကျူးလွန်ခံရသူအမျိုးသမီးသည် Zhao မှ၎င်း၏သားဖြစ်သူ အရုပ်များအားသေချာမသိမ်းဟု အကြောင်းပြကာ ပါးရိုက်ခြင်း၊ကန်ကျောက်ခြင်းနှင့်ဆံပင်ဆွဲပါးရိုက်ခြင်းစသဖြင့်အနှိပ်စက်ခံခဲ့ရသည်။

နောက်ဆုံးတွင်ကျူးလွန်ခံရသူအမျိုးသမီးမှ သည်းမခံနိုင်သည့်အဆုံး ရဲကို ၂၀၁၈ ခုနှစ်က ဖုန်းဆက်အကြောင်းကြားကာတိုင်တန်းခဲ့ခြင်းဖြစ်သည်။ရဲများရောက်လာချိန်တွင် အိမ်ရှိ စီစီတီဗွီမှတ်တမ်းပြရန်ပြောသော်လည်း Zhao ကငြင်းဆန်ခဲ့သည်။ထို့နောက်တွင်တော့ ၎င်း၏ခင်ပွန်းပြန်ရောက်လာကာ ကင်မရာထဲမှ စီစီတီဗွီမှတ်တမ်းအား ရဲများစစ်ဆေးနိုင်ရန်ပေးခဲ့သည်။

ထို့နောက်ကျူးလွန်ခံရသူအမျိုးသမီးအား ရရှိဒဏ်ရာများအတွက်ဆေးကုသရန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။အစောပိုင်းတွင် Zhao မှ အိမ်အကူအမျိုးသမီးအား သူမကျူးလွန်ခဲ့သည်များအပါအဝင်၊ဖုန်းပျက်ဆီး‌စေခဲ့မှုအတွက် စင်္ကာပူဒေါ်လာ ၆၃၀၀ ကိုဆန္ဒအလျောက်လျော်ကြေးပေးခဲ့သည်။

Zhao သည် တရားဥပဒေအရ မိမိ၏အိမ်အကူအပေါ်ကျူးလွန်ခဲ့သောပြစ်မှုများထက် တစ်ဆခွဲပိုမြင့်သော ပြစ်ဒဏ်ကိုအမြင့်ဆုံးအပြစ်ဒဏ်အနေဖြင့် ချမှတ်ခံရနိုင်ချေရှိသည်။အိမ်အကူ၏ဖုန်းကို ဖျက်ဆီးခဲ့သောအမှုအတွက်ကိုမူ ထောင်ဒဏ်တစ်နှစ်ဖြစ်​စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ကြောင်းသိရှိရသည်။

Source – CNA

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071