ယနေ့ နိုဝင်ဘာ (၂၄) ရက်၌ အုပ်စု ဒုတိယပွဲစဉ်အဖြင့် မြန်မာ-နီပေါ ယူ-၁၇အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက နီပေါအသင်းကို (၄) ဂိုးပြတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ပြီဖြစ်သည်။
ထို့ကြောင့် မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း ထိပ်ဆုံးနေရာတွင် ရပ်တည်လာနိုင်ကာ နီပေါအသင်းအနေဖြင့် အုပ်စုတွင်းမှ ထွက်ခွာရပြီဖြစ်ပြီး၊ အာရှဖလားပြိုင်ပွဲဝင်ခွင့်အိပ်မက် ဝေးကွာသွားပြီဖြစ်သည်။
မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းကို (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ နီပေါအသင်းအား (၄) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာယူ-၁၇အမျိုးသမီးအသင်းသည် အာရှဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲအောင်မြင်ထားပြီး အမျိုးသားအသင်းအနေဖြင့် အာရှဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲအောင်မြင်မည်လားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်။
မြန်မာ ယူ-၁၇ အမျိုးသားအသင်းသည် နောက်ထပ်အုပ်စုတွင်းပွဲစဉ်များဖြင့် အိုမန်၊ တရုတ်နှင့် ဆီးရီးယားအသင်းတို့နှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
