Wednesday, December 17, 2025

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင်...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...
HomeNewsFootballမြန်မာအသင်း နည်းပြဟောင်း ဂျာမနီနိုင်ငံသား...

မြန်မာအသင်း နည်းပြဟောင်း ဂျာမနီနိုင်ငံသား ဂတ်ဇီအား ရန်ကုန်ယူနိုက်တက် နည်းပြချုပ်အဖြစ် ခန့်အပ်

ရန်ကုန် ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ကိုင်တွယ်ရန်အတွက် မြန်မာအသင်းနည်းပြဟောင်း ဂျာမနီနိုင်ငံသား ဂတ်ဇီအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ဘောလုံးနှင့် ရင်းနှီးကျွမ်းဝင်သည့် ဂတ်ဇီသည် မြန်မာယူ – ၂၀ အသင်းနှင့် အတူအောင်မြင်မှုများရရှိခဲ့ပြီး နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သည့် (၂၀၁၅) ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။

ထို့ပြင် ဘယ်လ်ဂျီယံနှင့် ဂျာမနီကလပ်အသင်းများတွင်လည်း နည်းပြ၊ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့်အပြင် အာရှကလပ်အသင်းများဖြစ်သည့်ဗီယက်နမ်ကလပ် ဒါနမ်အသင်း နှင့် မော်လ်ဒိုက်ကလပ် နယူးရေးဒီယန့် အသင်းများတွင်လည်း နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး လိဂ်ချန်ပီယံဖြစ်အောင် ကိုင်တွယ်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဂတ်ဇီသည် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းကြီးကို (၃) နှစ်ကြာကိုင်တွယ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

“ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှာ နည်းပြလုပ်ရမယ်ဆိုတော့ ခံစားချက်လည်း ကောင်းတယ်။ အသင်းအတွက် အကောင်းဆုံး အလုပ်လုပ်ပြသွားပါမယ်” ဟု ဂတ်ဇီ က ဆိုသည်။

“ဒီအသင်းမှာက ကစားသမားကောင်းတွေရှိတယ်။ လက်ရွေးစင် ကစားသမားတွေလည်း များတယ်။ လက်ရှိထက် ပိုကောင်းအောင်လို့ သေချာပြင်ဆင်သွားပါမယ်။ အသင်းကစားခဲ့တဲ့ပွဲတွေလည်း ကြည့်ပြီးသွားပါပြီ။ ပွဲတွေကြည့်ပြီး ဘယ်လိုနည်းလမ်းနဲ့ဆို အသင်းအတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ရှာနေပါတယ်။ ကစားသမားတွေ ဘောလုံးကစားရတာပျော်လာအောင်၊ သေချာကစားနိုင်လာအောင် ပြုပြင်ပြောင်းလဲသွားပါမယ်” ဟုလည်း ဂတ်ဇီက ပြောကြားခဲ့သည်။

နည်းပြချုပ် ဂတ်ဇီသည် မြန်မာနိုင်ငံသို့ ဩဂုတ်လ ပထမပတ်တွင် ရောက်ရှိမည်ဖြစ်သောကြောင့် ရန်ကုန်ယူနိုက်တက်၏ လာမည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်ကို ဦးတင်မောင်ထွန်းက ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး လုံခြုံရေးသတိ၊ အသိဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရမည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုကြကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။ မန္တလေးမြို့တွင် နှစ်သစ်ကူးကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုအား မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်များ၊ နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတိုကို...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071