ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်းအီလက်ထရောနစ်စက်ရုံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သ မား(၁,၄၅၀)ဦးခန့် စက်တင်ဘာ ၃၀ ရက်က အလုပ်ဖြု-တ်ခံခဲ့ရသဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက စက်ရုံသို့သွားရောက်၍ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့ သွားရောက်ခဲ့ရာ စက်ရုံသည် ကုန်အမှာစာကျဆင်းမှုကြောင့် မြန်မာအလုပ်သမားများအား အလုပ်မှရပ်စဲခဲ့ရခြင်းဖြစ်၍ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်များအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ အလုပ်အကိုင်ဌာနရုံး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ စက်ရုံရှိ အမှုဆောင်အရာရှိ၊ တာဝန်ခံများနှင့်ဆွေးနွေးခဲ့ကြသည်။
ထို့ကြောင့် ဥပဒေနှင့်အညီ အလုပ်ရပ်စဲရန်၊ အလုပ်ထုတ်နစ်နာကြေးနှင့် ဂရုဏာကြေး ဘတ်(၁)သောင်းအား ဘဏ်အကောင့်(သို့)ငွေသားဖြင့် ယနေ့ အောက်တိုဘာ ၁ ရက်တွင်စတင်ထုတ်ပေးရန်၊ အလုပ်ရှင်သစ်ထံ လုပ်ကိုင်နိုင်သော အလုပ်ပြောင်းရွှေ့စာ(ကျန့်အော်ကျန့်ခေါက်)အား သွေးစစ်ကုန်ဈေးတွင်ဖွင့်လှစ်မည့်စင်တာ၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ထံမှထုတ်ယူရန်တို့ကို အလုပ်ရှင်၊ အလုပ်သမားများကသဘောတူညီခဲ့ကြသည်။
