မြန်မာသင်္ဘောသား (၇)ဦး လိုက်ပါအမှုထမ်းနေသည့် ဟောင်ကောင်းအလံတင် Fulda အမည်ရှိ သင်္ဘောတစ်စီးမှာ မီးလေ-ာင်ပေါ-က်ကွဲမှုဖြစ်ပွားကာ တိမ်းစောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်္ဘောမှာ အိန္ဒိယနိုင်ငံ ကန်ဒလာဆိပ်ကမ်းမှ အိုမန်နိုင်ငံ ဆိုဟာဆိပ် ကမ်းသို့အသွား ကုန်ပစ္စည်းတင်ရန် Gas ဖြည့်နေစဉ် ကန်ဒလာကမ်းလွန်၌ မီး လေ-ာင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သင်္ဘောအတွင်း တရုတ်နိုင်ငံသား (၁၁) ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား (၂) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၁) ဦးနှင့် မြန်မာနိုင်ငံသား သင်္ဘောသား (၇) ဦးတို့ပါဝင်ပြီး သင်္ဘောသား (၂၁) ဦးကို သက်ကယ်လှေဖြင့် ကယ်တင်၍ ကန်ဒလာဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သင်္ဘောမှာ မနစ်မြှပ်သေးဘဲ အိန္ဒိယကမ်းခြေစောင့် သင်္ဘောများနှင့် ဆွဲလှေများက စောင့်ကြည့်လျက်ရှိကာ အဆိုပါ သင်္ဘောမှာ သက်တမ်း (၂၆) နှစ်ရှိသည့် သင်္ဘောတစ်စီးဖြစ်ကြောင်း သိရသည်။
