ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်းပင်မြို့၌ကျင်းပလျက်ရှိသည့် အာရှလူငယ်သက်တမ်းကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်ကစားသမားများက ရွှေတံဆိပ်(၃)ခုဆွတ်ခူးထားသည်။
ပြိုင်ပွဲအား ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်ကစားသမားများသည် သက်တမ်းအလိုက်ဖြစ်သော ယူ-၁၅၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများ ၌ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိရာမှ ရွှေတံဆိပ်ဆုများကို ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အာရှလူငယ်သက်တမ်းကြက်တောင်ရိုက်ပြိုင်ပွဲအား ကမ္ဘာဒီးယား၊ မြန်မာ၊ လာအို၊ တီမော၊ ဘရူနိုင်းနိုင်ငံတို့မှ ကြက်တောင်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
