ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နှင့်နယ်စပ် မြန်မာဘက်အခြမ်းတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ် အွန်လိုင်းငွေလိ-မ်ဂိုဏ်းတစ်ခုမှ ဟောင်ကောင်အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ကယ်ဆယ်ပေးခဲ့သည်ဟု သိရသည်။
မူ-းယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး(ONCB) က သတိပေးအကြောင်းကြားချက် ထုတ်ပြန်ခဲ့ပြီးနောက် တော်ဝင်ထိုင်းစစ်တပ်နှင့် တော်ဝင်ထိုင်းရဲတပ်ဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသက် ၃၁ နှစ်အရွယ် ဟောင်ကောင်ပတ်စ်ပို့ကိုင်ဆောင်သူ အမျိုးသမီးကို ကယ်ဆယ်ပေးခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်မြို့သား ၁၂ ဦးသည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသည့် တရုတ်ငွေလိ-မ်ဂိုဏ်းများ သို့မဟုတ် အွန်လိုင်းလေ-ာင်းကစားဝက်ဘ်ဆိုက်များတွင် ခိုင်းစေခံနေရဖွယ်ရှိသည်ဟု သတိပေးချက်တွင် ဖော်ပြခဲ့သည်။
တာ့ခ်ပြည်နယ် ဖော့ဖရာခရိုင်နှင့် မျက်နှင်ချင်းဆိုင် ရှိ မြဝတီမြို့တောင်ဘက်တစ်နေရာရှိ ဟောင်ကောင်မြို့သားများသည် ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်လိုကြသည်ဟု ONCB က ထိုင်းစစ်တပ်ကို အကြောင်းကြားခဲ့သည်။
ထိုဧရိယာသည် တရုတ်ငွေလိ-မ်ဂိုဏ်းများနှင့် အွန်လိုင်းလေ-ာင်းကစားလုပ်ငန်းများအခြေစိုက်ရာ အဓိကနေရာအဖြစ် သိထားကြသည်။
ထိုသတင်းအရ ထိုင်းစစ်တပ်သည် ရန်ကုန်မြို့ ထိုင်းသံရုံးမှ ရဲသံမှူး ရဲမှူးကြီး Nat Pomthep ထံအကူအညီတောင်းကာ အဆိုပါဧရိယာကို ထိန်းချုပ်သော ဒီကေဘီအေတပ်မှူးများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဒီကေဘီအေတပ်မှူးများနှင့် ညှိနှိုင်းဆောင်ရွက်မှုအရ ဟောင်ကောင်အမျိုးသမီးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ထိုင်းနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ထိုင်းစစ်တပ်က ကြေညာခဲ့သည်။
အဆိုပါ အမျိုးသမီးကို ဟောင်ကောင်သို့ အမြန်ဆုံး ပြန်ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထိုင်းစစ်တပ်က ဆက်လက် ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
