Monday, June 15, 2026

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...
HomeNewsLocal Newsမြန်မာရွေ့ပြောင်းလုပ်သားများအတွက်နွန်ထပူရီမြို့တွင် အလုပ်သမားသံရုံးနေရာသစ် ဖွင့်လှစ်

မြန်မာရွေ့ပြောင်းလုပ်သားများအတွက်နွန်ထပူရီမြို့တွင် အလုပ်သမားသံရုံးနေရာသစ် ဖွင့်လှစ်

မြန်မာရွေ့ပြောင်း အလုပ်သမားများအပေါ် အလုပ်ရှင်များက လုပ်အားခခေါင်းပုံဖြတ်ခြင်းကို ကာကွယ်စောင့်ရှောက်ပေးရန်၊ ထိုင်းနိုင်ငံ နွန်ထပူရီ မြို့တွင် အလုပ်သမားသံရုံးသစ် ဖွင့်လှစ်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အလုပ်သမားသံရုံးသစ် ဖွင့်လှစ်မည့်နေရာသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ တို့သည် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက နွန်ထပူရီမြို့ရှိ အလုပ်သမား သံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ(TDCC)နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာသစ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ သံအရာရှိရုံးသို့ အကူအညီတောင်းခံလာသည့် အလုပ်သမားများအတွက် ခေတ္တတည်းခိုနေထိုင်မည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ(TDCC)နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)၏ ရုံးခန်းဖွင့်လှစ်နေရာချထားမည့် နေရာများအား စစ်ဆေးကြည့်ရှုခြင်း၊ အဆောက်အဦငှားရမ်းရေးစာချုပ် ချုပ်ဆိုခြင်းနှင့် MOEAF မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ လုပ်ငန်းအခြေအနေ တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားများအပေါ် အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်ခြင်းကို ကာကွယ်စောင့်ရှောက်ပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များရရှိရေး ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားရေးရာပြဿနာများကို အချိန်နှင့်တပြေးညီ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အလုပ်သမားသံအရာရှိတစ်ဦးကို ခန့်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အလုပ်သမား အရေအတွက်များပြားလာခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာများကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမား သံအရာရှိ (၅) ဦးကို တာဝန်ပေး စေလွှတ်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၁) ဦးအား အလုပ်သမား သံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့် အလုပ်သမားသံအရာရှိ(၁) ဦးကိုလ ည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂/ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့်  အလုပ်သမားနှင့် CI ထုတ်ပေးမှု အရေအတွက်မှာ (၁.၁) သန်း၊ MoU လူသစ်သည် (ဝ.၄၄) သန်း၊ MoU လူဟောင်း (ဝ.၁၆)သန်း၊ စုစုပေါင်း (၁.၇) သန်းအပြင် ယခု CI ထပ်မံဆောင်ရွက်ရန် (၈) သိန်းကျော်ရှိကြောင်း သိရသဖြင့် အကြမ်းဖျဉ်းအားဖြင့် (၂.၅) သန်းဟု ခန့်မှန်းထားချက်အရ သိရသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ် သက်ဆိုင်ရာနိုင်ငံမှ အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်မခံရစေရန် ကာကွယ်စောင့်ရှောက်မှုများပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားရေးရာအခက်အခဲများကို သက်ဆိုင်ရာ နိုင်ငံရှိ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်ဝန်ထမ်း(၆)ဦးကို ချီးမြှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား ယနေ့ ဇွန် ၁၅ ရက်ကချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက လျှပ်စစ်ဝန်ထမ်း(၆)ဦးအား ပြည်ထောင်စုဝန် ကြီးကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေး အပ်ချီးမြှင့်ခဲ့သည်။ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်း၌ အသုံး ပြုနေသောမီတာအားဖွင့်လှစ်၍ အတွင်း၌ပြုပြင်ပြီး တရားမဝင်ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားယူနစ်(၅,၀၆၈,၈၀၀)ဆုံးရှုံးခဲ့ရကာ ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ်(၄ ဒသမ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071