မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၌ ရုရှားကုမ္ပဏီများဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းမှ ရုရှားနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂၂ ရက်နေ့လည် ၃ နာရီက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ကဏ္ဍပေါင်းစုံ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင်သုံးစီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြသည်။
