မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက် တင်ဘာ ၆ ရက်က ချန်ဒူးမြို့၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာရောက်ရင်နှီးမြုပ်နှံမည့် အခြေအနေ၊ စွမ်းအင်၊ အခွန်၊ သွင်းကုန်ပို့ကုန်၊ ဥပဒေရေးရာကိစ္စများနှင့် အခြားလုပ်ငန်းများကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတမှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းမှုကို တစ်ချက်ခြင်းစီအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
