Tuesday, December 16, 2025

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများ တရားရုံးပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို...

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း...
HomeNewsLocal Newsမြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့်...

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကိုဆွေးနွေး

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ယနေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များပေါ် ထွန်းလာမည့်အခြေအနေများ၊ မြန်မာနိုင်ငံသည် ငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ကို စတင်ချ မှတ်သည့်(၃)နိုင်ငံတွင်အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာလိုက်နာဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုး တက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံ ခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား စစ်ဘက် ဆိုင် ရာသင်တန်းများ အပြန်အလှန်ဖွင့်လှစ်ရေးနှင့် လေ့ ကျင့်ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၆ ရက်က အသိပေးခဲ့သည်။ ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီဟု သတင်းမှားများထုတ်လွှင့်နေခြင်းသည် မကြာမှီကျင်းပမည့် ရွေးကောက်ပွဲအားနှောင့်ယှက်လို၍ အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071