Saturday, February 14, 2026

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ)...

ပုသိမ်မြို့အတွင်း ခရီးသွားများဝင်ရောက်လည်ပတ်မှု သိသိသာသာ တိုးတက်လာ

ပွင့်လင်းခရီးသွားရာသီ အစ၌ပင် ပုသိမ်မြို့တွင်းသို့ ဘုရား ဖူး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ အရင်နှစ်များထက် သိသိသာသာ တိုးတက်မြင့်မားလာကြောင်းသိရသည်။ "အရင်က ငွေဆောင်၊ ချောင်းသာသွားတယ်ဆို ကြိုးတံတား...

“ထိုက်သူပန်”အဆင့်မြင့်အဝေးပြေးခရီးသည်တင် ယာဥ်လိုင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လိုက်ပါစီးနင်းသည့် ခရီးသွားများကို...

"ထိုက်သူပန်"အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့်ယာဥ်ဖြင့်လိုက်ပါမည့် ခရီးသွားများကို ခြုံစောင်များပေးဝေလှူဒါန်းခဲ့သည်။ " ဒီ "ထိုက်သူပန်"အဆင့်မြင့်ယာဥ်လိုင်းဖွင့်ပွဲအထိမ်း...
HomeNewsLocal Newsမြန်မာနိုင်ငံအနေဖြင့် ၁၈ နှစ်အတွင်း...

မြန်မာနိုင်ငံအနေဖြင့် ၁၈ နှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ၁၅၈ ဆုကို နှစ်အလိုက်ရရှိထားဟုဆို

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆုပေါင်း ၁၅၈ ဆုကို နှစ်အလိုက် ရရှိထားကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ သိရသည်။

လက်ရှိအချိန်အထိ စုစုပေါင်း စံနှုန်း(၁၁)ခုအထိ အတည်ပြုထားကာ သက်ဆိုင်ရာစံနှုန်းများအလိုက် ဆုပေးအပ်ခြင်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် ၂၀၂၆ တွင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့မှ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆု(၂၄)ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယင်းခရီးသွားဈေးကွက်ကို ရရှိနိုင်ရန်သာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့မှ ခရီးသွားဈေးကွက်ကို ရရှိနိုင်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌ ခတ္တမန္ဒူတွင် စုဝေးကာ အားလပ်ရက်အပန်းဖြေရာမှ နေရပ်ပြန်လာသော ၎င်းတို့၏ နောက်ဆုံးဘုရင် ဂါနန်ဒရာကို ကြိုဆိုခဲ့ကြသည်။         ၂၀၀၈ ခုနှစ်တွင် ယခင်မော်ဝါဒီသူပုန်ဟောင်းများ လွှမ်းမိုးသော အထူးအစည်းအဝေးတစ်ရပ်၌ နီပေါနိုင်ငံ၏ ဘုရင်စနစ်ကို ဖျက်သိမ်းခဲ့ကာ ဟိန္ဒူဘာသာဝင်အများစုနေထိုင်သော ဟိမဝန္တာတောင်တန်းနိုင်ငံကိုဘာသာရေးဖြင့်အုပ်ချုပ်ခြင်းမဟုတ်သော သမ္မတနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။       ထိုအချိန်မှစ၍ နောက်ဆုံးဘုရင်ဖြစ်သော မစ္စတာဂရန်နာဒါ(၇၈ နှစ်) သည် ခတ္တမန္ဒူရှိ ၎င်း၏ နေအိမ်တွင်...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ) ကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ကြာသပတေးနေ့က ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၃) ကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားပေးရန် တောင်းဆိုမှုကို ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိုရလဒ်များအရ ကြေညာပြီးစီးခဲ့သည့် တိုက်ရိုက်ရွေးကောက်တင်မြှောက်သော အမတ်နေရာ ၂၉၇ နေရာအနက်...

ပုသိမ်မြို့အတွင်း ခရီးသွားများဝင်ရောက်လည်ပတ်မှု သိသိသာသာ တိုးတက်လာ

ပွင့်လင်းခရီးသွားရာသီ အစ၌ပင် ပုသိမ်မြို့တွင်းသို့ ဘုရား ဖူး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ အရင်နှစ်များထက် သိသိသာသာ တိုးတက်မြင့်မားလာကြောင်းသိရသည်။ "အရင်က ငွေဆောင်၊ ချောင်းသာသွားတယ်ဆို ကြိုးတံတား ဟောင်းကနေ မြို့ရှောင်လမ်းအတိုင်းသွားကြတော့ ပုသိမ်မြို့ထဲဝင်ပြီး လည်တာပတ်တာ နည်းကြတယ်။ အခုက ပုသိမ်မြို့တွင်းမှာရှိတဲ့ တံတားသစ်ကနေ သွားကြတော့ မြို့ထဲဝင်လည်၊ ဘုရားဖူး၊ စျေးဝယ်တွေလုပ်ကြတယ်"လို့ ပုသိမ်မြို့ရှိ ရွှေမုဌော ဘုရားတန်ဆောင်း စျေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ပုသိမ်မြို့တွင်းတံတားသစ်ကြီးမှာ တန်ခိုးကြီးရွှေမောဌော စေတီတော်မြတ်ကြီးနှင့် ဒေသထွက်ကုန်စည်တွေရောင်းချရာ မြို့မစျေးကြီးအနီးတွင် တည်ရှိနေခြင်းကြောင့် ခရီးသွားများ မြို့တွင်းလည်ပတ်မှု ယခင်ထက် ပိုများလာခြင်းဖြစ်သည်။ "ခရီးသွားဧည့်သည်ကားတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071