Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့် ဘိုဒိုဒေသကြား ကဏ္ဍစုံ၌ထိတွေ့ဆက်ဆံမှုများတိုးမြှင့်မည်

မြန်မာနိုင်ငံနှင့် ဘိုဒိုဒေသကြား ကဏ္ဍစုံ၌ထိတွေ့ဆက်ဆံမှုများတိုးမြှင့်မည်

အိန္ဒိယနိုင်ငံ(အရှေ့မြောက်ပိုင်း)၊အာသံပြည်နယ်ရှိ ဘိုဒိုလန်းဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကောင်စီ ဥက္ကဌ H.E. Shri Pramod Boro ၏ဖိတ်ကြားချက်အရ Kokrajhar မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှမတ် ၂ ရက်အထိကျင်းပသည့် ပထမအကြိမ် Bodoland International Knowledge Festival 2023 သို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည်။

မြန်မာသံအမတ်ကြီးမှ ပထဝီအနေအထားနှင့်ယဉ်ကျေးမှုချင်းနီးစပ်သည့် မြန်မာနိုင်ငံနှင့် ဘိုဒိုဒေသတို့ကြား ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ကမ္ဘာလှည့်ခရီးသွားနှင့်ပြည်သူချင်းထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများအား မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာသံအမတ်ကြီးသည် Bodoland International Knowledge Festival ၏ sideline အဖြစ် ဘိုဒိုတက္ကသိုလ်တွင် “Partnership for Sustainable Development Goals” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အာသံပြည်နယ်အစိုးရဝန်ကြီးများ၊ Bodoland Territorial Region ဒေသကောင်စီမှအကြီးအကဲများနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခများနှင့်သုတေသီများနှင့်အတူ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။

ပွဲတော်သို့ အာသံပြည်နယ်ဝန်ကြီးချုပ် Hon’ble Himanta Biswa Sarma ၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး H.E. Dr. Rajkumar Ranjan Singh နှင့်တာဝန်ရှိသူများ၊အိန္ဒိယနိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်များမှအဓိပတိများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုဘယ်ဆုရှင် Muhammad Yunus၊ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ပ ညာရှင်များ၊ သုတေသီများ၊ Bodoland နှင့်အရှေ့မြောက်ဒေသများမှ ပညာရှင်များ၊သုတေသီများ၊ နိုင်ငံရေးသမားများ၊ ဖွံ့ဖြိုးရေးနယ်ပယ်တွင် ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ကျောင်းသားများတက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071