မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။
အဆို ဆွေးနွေးပွဲအတွင်း FIFA ၏ Talent Development Scheme (TDS) အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သ ည့် “အရည်အချင်းရှိသူတိုင်းအခွင့်အရေးရရှိစေရန်” (Every talent gets a chance) ရည်ရွယ်ခြင်းဖြစ်ပြီး အချက်အလက်အခြေပြုဂေဟစနစ်အားဆန်းစစ်ခြင်း (Data- Driven Ecosystem Analysis)၊ကျောင်းတွင်း ဘောလုံးအားကစားကဏ္ဍကို အကောင်အထည်ဖော်ခြင်း (Implementation of Schools’ Football)၊ အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ ကူးပြောင်းခြင်း (Transitioning from Amateur to Professional) စသည်တို့ကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့က ရန်ကုန်မြို့ရှိ Novotel Yangon Max ဟိုတယ်၌ FIFA နှင့် MFF တို့ပူးပေါင်းပြုလုပ်သည့် “FIFA Amateur Football Environment Analysis” အခမ်းအနားပြုလုပ်စဉ် ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အခမ်းအနားသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကိုယ်စားလှယ်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များကိုယ်စားလှယ်များ ၊ MNL2 Promotion Cup တွင် ပါဝင်ယှဉ်ပြိုင်နေသည့် အသင်းများ၊ အပျော်တမ်း ဘောလုံးအသင်းများ၊ ပုဂ္ဂလိက ဘောလုံးသင်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။