မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသည့် အိန္ဒိယနိုင်ငံသား ၃၈၁ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။
ယင်းအိန္ဒိယနိုင်ငံသားများကို ယနေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ချန်နိုင်းသို့ ထွက်ခွာသွားပြီး အိန္ဒိယနိုင်ငံရှိ ၎င်းတို့၏ ဇာတိဒေသများသို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် လစာမြင့်မားစွာပေးမည်ဟုဆိုကာ အိုင်တီနည်းပညာအလုပ်အကိုင် ကမ်းလှမ်းချက်များအတွက် အထူးသတိထားရန်လည်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ယင်းအပြင် အိန္ဒိယနိုင်ငံသားများကို ကယ်ဆယ်နိုင်ရန်အတွက် ကူညီပေးသောမြန်မာအာဏာပိုင်များနှင့် အခြားသော ကူညီပံ့ပိုးသူများကိုလည်း ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာချက်တွင် ရေးသားထားသည်။
Photo – ဇူလိုင် ၂၆ ရက်တွင်လူကုန်ကူးခံရသည့် အိန္ဒိယနိုင်ငံသားများကို ပြန်ပို့စဉ်
