Saturday, February 14, 2026

ချောင်းဦးမြို့သို့ နေရပ်စွန့်လာသူများအား ကျပ်သိန်း(၂၇၀) ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ အနော်ရထာခန်းမတွင် ဖေဖော်ဝါရီလ (၁၂)ရက် ၊ နံနက် (၁၀) နာရီက ယာယီနေရပ်စွန့်ခွာလာသည့်  ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း...

ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်းဖြစ်ပွားရာ...

ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်း ဖြစ်ပွားနေသည့် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ် မာ့ဇ်(Friedrich Merz) က မြူးနစ်လုံခြုံရေးညီလာခံတွင်...

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...
HomeNewsLocal Newsမြန်မာနိုင်ငံတွင်ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်သွားရန်ဆွေးနွေး   မတ်လတတိယပတ်ခန့်တွင်...

မြန်မာနိုင်ငံတွင်ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်သွားရန်ဆွေးနွေး   မတ်လတတိယပတ်ခန့်တွင် လွှတ်တော်များခေါ်ယူကျင်းပမည်ကို မြန်မာသံအမတ်ကြီးပြောကြားခဲ့

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ၏ ဩစတြီးယားနိုင်ငံခရီး စဉ်အတွင်း ဖေဖော်ဝါရီ ၁၁ ရက်က အာဆီယံဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ဖေဖော်ဝါရီ ၁၂ ရက်က ဖိလစ်ပိုင်သံအမတ်ကြီးမှ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအား ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံပွဲများကျင်းပခဲ့သည်။

အာဆီယံဆိုင်ရာ ရှင်းလင်းဟောပြောပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်န ဝါရီလတွင်သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အ တွင်း နိုင်ငံတော်ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့မှုကို ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်ကျင်းပပြီးစီးခဲ့သော ရွေး ကောက်ပွဲအပေါ် အာဆီယံ၏ သဘောထားအမြင်များနှင့် ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ် တိုးတက်မှုများကို  ဆက်လက်စောင့်ကြည့်ရန်တို့ကိုလည်း ပြောကြားခဲ့သည်။

ထို့အတူ ဂုဏ်ပြုနေ့လည်စာစားပွဲ၌ မြန်မာသံအမတ်ကြီးဦးမင်းသိမ်းမှ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များအနက် အဓိကပန်းတိုင်တစ်ခုဖြစ်သော လွတ်လပ်၍တ ရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးမှု၊ ‌မတ်လတတိယပတ်ခန့်တွင် လွှတ်တော်များခေါ်ယူကျင်းပရန်ရှိမှု၊ ရွေး ကောက်တင်မြှောက်ခံရသည့် အစိုးရသစ်ထံသို့ နိုင်ငံ တော်တာဝန်များ လွှဲပြောင်းပေးအပ်ရန်ရှိမှု၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ မျှ တသောအပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံရေးအရေးကြီးမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အာဆီယံဆိုင်ရာရှင်းလင်းဟောပြောပွဲနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီးဦးမင်းသိမ်းမှ ဗီယင်နာမြို့အခြေစိုက် အာဆီယံနှင့်အခြားသံ ရုံး/အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူတက်ရောက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချောင်းဦးမြို့သို့ နေရပ်စွန့်လာသူများအား ကျပ်သိန်း(၂၇၀) ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ အနော်ရထာခန်းမတွင် ဖေဖော်ဝါရီလ (၁၂)ရက် ၊ နံနက် (၁၀) နာရီက ယာယီနေရပ်စွန့်ခွာလာသည့်  ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီနေရပ်စွန့်ခွာလာရသည့် ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာနှင့် ကံဇီးကျေးရွာမှ ပြည်သူများ၊ ပင်လ ယ်ဘူးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း အိမ် ထောင်စု (၁၁၂)စု၊ ပြည်သူ (၄၅၂) ဦး အား တစ်ဦးလျင် (၃) လစာ ကျပ်(၆၀၀၀၀) နှုန်းဖြင့် ငွေကျပ်သိန်း (၂၇၀)ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့နယ် စီမံခန့်ခွဲရေး...

ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်းဖြစ်ပွားရာ အဆင့်သစ်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ပြောကြား

ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်း ဖြစ်ပွားနေသည့် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ် မာ့ဇ်(Friedrich Merz) က မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများ ဖြစ်စေပြီး နှစ်ပေါင်းများစွာ မျှော်မှန်းထားခဲ့သည်ထက် ကမ္ဘာကြီးကို ပိုမိုနက်ရှိုင်းစွာ ပြောင်းလဲစေလျက်ရှိသည့်၊ အတိအလင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခများရှိရာ အဆင့်သစ်တစ်ခုသို့ ဝင်ရောက်လာပြီ ဖြစ်သည်" ဟု ၎င်းက ဆိုသည်။ စည်းမျဉ်းအခြေပြု နိုင်ငံတကာ စည်းစနစ် ပြိုကွဲပျက်စီးနေမှုကိုလည်း မာ့ဇ်ကအလေးပေး ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့ ပိုမိုရှင်းလင်းစွာ...

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်တွင် Internet Banking၊ Mobile Banking၊ Mobile Payment များဖြစ်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများ၊ Card လုပ်ငန်းများ အဆင် ပြေစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်ညွှန်ကြားထား​ကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ATM တွင်ငွေလုံ‌လောက်စွာ ထည့်သွင်းစေခြင်း၊ System Connection ပြတ်တောက်မှုမရှိစေရေး လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာအစီအမံများဆောင်ရွက်ထားရန် ဘဏ်များအားညွှန်ကြားထားသည်ဟု တာဝန်ရှိသူတစ်ဦးက ​ပြောကြားသည်။ ငွေပေးချေမှုလုပ်ငန်းများအဆင်ပြေစွာလည်ပတ်နိုင်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071