တရုတ်နိုင်ငံသမ္မတ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၆ ရက်က ချန်ဒူးမြို့ရှိ Chengdu Shuangliu International Airport မှတစ်ဆင့် အထူးလေယာဥ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာခဲ့သည်။
မြန်မာသို့ပြန်လည် ရောက်ရှိလာသော ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
