တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui တို့ ယနေ့ စက်တင်ဘာ ၅ ရက်ည ၆ နာရီက တွေ့တုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူးတို့သည် မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်ကြား အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
