လေကြောင်းပျံသန်းမှုကဏ္ဍအပါအဝင် ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင် ငံသံအမတ်ကြီးမှ ၎င်း၏ သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံ တမန်ဆောင်ဧည့်ခန်းမ၌ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ပြီးနောက် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နိုင်ငံ့ခေါင်းဆောင်များ ချစ်ကြည်ရေးခရီးစဥ်များ အပြန်အလှန်လည်ပတ်ခဲ့မှု၊ ပညာရေး၊ ကာကွယ်ရေး၊ ခရီးသွား၊ လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အာဆီယံပဋိဥာဥ်အတိုင်းလိုက်ပါဆောင်ရွက်လျက်ရှိမှု၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင်ဝင်ရောက်စွက် ဖက်ခြင်းမရှိမှု၊ မြန်မာနိုင်ငံတွင် မကြာမှီ ရွေးကောက်ပွဲကျင်းပမည့်အခြေအနေနှင့် နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖိတ်ခေါ်ထားရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
