ပါကစ္စတန်မှ ရွေးကောက်ပွဲစောင့်ကြည့်လေလာရေးအဖွဲ့ စေလွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြား မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးမှ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးအား ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်း မ၌တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာကိုလက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ပါကစ္စတန်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာသည့်သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဘာသာရေးဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် မကြာမှီကျင်းပမည့် ရွေးကောက်ပွဲသို့ ပါကစ္စတန်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
