ရုရှားနိုင်ငံသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့သို့ တရားဝင်အလုပ်သဘောခရီးစဥ်သွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့်နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
