မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ကူ ညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့သည် ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ သံတမန်ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ယနေ့အချိန်အထိ နိုင်ငံရေးဖြစ်ပေါ်မှုများ၊ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးပဋိပက္ခများ၊ နစက အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးအနေဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံများ၌ ငြိမ်းချမ်းရေးများရရှိရန် ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးနေမှုများ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်၍တရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နစက ဥက္ကဋ္ဌမှ ကမ္ဘာတွင်ငြိမ်းချမ်းရေးရရှိရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းဆောင် ရွက်နေသည့် ပုဂ္ဂိုလ်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်ခဲ့ခြင်းကို ဝမ်းမြောက်ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးမှလည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောရေးအတွက် တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးနိုင်ရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။