Saturday, June 21, 2025

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...
HomeNewsLocal Newsမြန်မာကုမ္ပဏီ (၅) ခု...

မြန်မာကုမ္ပဏီ (၅) ခု လာရောက်ပြသသည့် Seoul Food 2023 နှင့် ASEAN Trade Fair 2023 တို့အား မြန်မာသံအ မတ် တက်ရောက်ဖွင့်လှစ်

ကိုရီးယားနိုင်ငံ၊ အီလ်ဆန်မြို့၊ Korea International Exh ibition Center(KINTEX)တွင် မေ (၃၀) ရက်ကစတင်ကျ င်းပနေသည့် Seoul Food 2023 နှင့် ASEAN Trade Fair 2023 တို့အား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

Seoul Food 2023 အား KOTRA မှကြီးမှူးကျင်းပခြင်းဖြ စ်ကာ ASEAN Trade Fair 2023 အား ASEAN-KOREA Centre မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မေ (၃၀) ရက်မှ ဇွန် (၂) ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ ပြပွဲတွင်လာရောက်ပြ သသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီ(၅)ခုဖြစ်သည့် Cho Cho Industry Limited ၊ Mega Marine Frozen Seafood Company Limited ၊ Golden Triangle Macadamia Company Limited ၊ LlUVIA Limited နှင့် Myanmar Golden Produce Company Limited တို့၏ ခင်းကျင်းပြသထားမှုများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။

Seoul Food 2023 သည် အာရှတွင် စတုတ္ထမြောက်အ ကြီးဆုံးကုန်စည်ပြပွဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ စား သောက်ကုန်နှင့် နည်းပညာကဏ္ဍမှ လက်လီ၊ လက်ကားလုပ်ငန်းများ၊ စားသောက်ကုန် ဝန်ဆောင်မှုလုပ်ငန်းများ၊စားသောက်ကုန် ဖြန့်ချီရေးလုပ်ငန်းများနှင့် စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများက ပြခန်းများဖွင့်လှစ်ပြသလျက်ရှိသည်။

အဆိုပါ ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားများသို့ ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးနှင့် အခြားပြည်ပနိုင်ငံများမှ သံ အမတ်ကြီးများ၊ သံတမန်များနှင့်စီးပွား ရေးသံမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ ပေါ်လိုဒါဆေးလ်ဗာကို ခေါ်ယူထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ရခိုင်ယူနိုက်တက်သည် ကွာနားဖိုင်နယ်အဆင့်တွင် နှုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် မတ်လ (၂၆)ရက်က ခေါ်ယူထားသည့် ဘရာဇီးနိုင်ငံသား နည်းပြချုပ်အသစ် ရီကာဒိုဒါရိုချာနှင့် တရားဝင်လမ်းခွဲအပြီး ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ပြိုင်ပွဲအတွက် ကာလတို ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်းများကိုဆက်လက်ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့) B.A ဘွဲ့ရရှိထားသူများ(သို့) B.Sc ဘွဲ့ရရှိထားသူများဖြစ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များလာရောက်လျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား ဇွန် ၂၀ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ IBEC ဗုဒ္ဓတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းများကိုလည်း ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်စတင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071