Monday, May 19, 2025

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...
HomeNewsLocal Newsမြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေဖြင့်...

မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေဖြင့် ဒေါ်လာသန်း (၅၀) ပေးမည်ဟု
အမေရိကန်ကြေညာ

လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာသန်း(၅၀) ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက အသိပေးကြေညာလိုက်သည်။

အဆိုပါ လူသားချင်းစာနာမှုအကူအညီများကို မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးသင့်ပြည်သူများ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အာဟာရအထောက့်အပံ့ ပေးအပ်ရေးအတွက် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံးက ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ထောက်ပံ့ပေးသွားမည့် အဆိုပါ ကန်ဒေါ်လာသန်း(၅၀) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့်ပူး‌ပေါင်းကာ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အစာအာဟာရချို့တဲ့မှုမှ ကုစားကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။

ထို့အပြင် ယခုထောက်ပံ့မည့် USAID ၏ ထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများ ပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်မည့် အစီအစဉ်များ ပါဝင်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂစစ်တမ်းများအရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်လျက်ရှိသည့် ဦးရေမှာ လူဦးရေ ၁၇ သန်းကျော်ရှိကြောင်း အမေရိကန်သံရုံးက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071