ကချင်ပြည်နယ် ဝန်ကြီးချုပ် နှင့် ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ၊ ပညာရှင်များနှင့် ဒေသခံပြည်သူလူထု နှင့် ဇန်နဝါရီ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အဓိကကျသည့် စွမ်းအင် လို အပ်ချက်၊ စွမ်းအင်ရရှိမှုဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းပြီး ဧရာဝတီမြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်းရေ အားလျှပ်စစ်စီမံကိန်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ပညာရှင်များက ရှင်းလင်းဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်၊ ငလျင်နှင့် အင်ဂျင်နီယာဘူမိဗေဒပညာရှင် ဒေါက် တာအေးလွင်က ငလျင်လှုပ်ခတ်မှုဆိုင်ရာ အခြေခံသဘောတရားများအကြောင်းနှင့် ရေလှောင် တမံတည်ဆောက်မှုဆိုင်ရာ ပုံစံများအကြောင်း ရေအားလျှပ်စစ်ဒီဇိုင်းပညာရှင် ဒေါ်မြကြေးမုံက ရေအားလျှပ်စစ် ထုတ်ယူသုံးစွဲမှုနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြစ်ကြောင်းထိန်း သိမ်းရေး ပညာရှင်ဦးဇော်လွင်က ဧရာဝတီမြစ်နှင့် စပ်လျဉ်း၍ မြစ်ကြောင်းဖြစ်ပေါ်မှု အခြေအနေများနှင့် ထိန်းသိမ်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုပညာ ရှင် ဦးဟိန်းထက်က မြစ်များဖြစ်ပေါ်လာမှု၊ တမံများတည်ဆောက်ခြင်း၊ စွမ်းအင်ရရှိမှု၊ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
