ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆီဂိုထောင်တစ်လုံးတွင် ယနေ့ ဧပြီ ၈ ရက်နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က မီး လေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ ၁၊ ကရိန်နော်စျေးအနီးရှိ ဆီဂိုထောင်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအ သင်းဝင်များကငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၉ နာရီ ၃၅ မိနစ်တွင်မီးငြိမ်းသွားခဲ့၍ စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
