Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမြင်းကပါကျေးရွာတွင်တစ်ပတ်တိတိ လျှပ်စစ်မီးများပြတ်တောက်နေမှုကြောင့်ဒေသခံများ အခက်ကြုံနေရ

မြင်းကပါကျေးရွာတွင်တစ်ပတ်တိတိ လျှပ်စစ်မီးများပြတ်တောက်နေမှုကြောင့်ဒေသခံများ အခက်ကြုံနေရ

မြင်းကပါကျေးရွာတွင်တစ်ပတ်တိတိ လျှပ်စစ်မီးများပြတ်တောက်နေမှုကြောင့်ဒေသခံများ အခက်ကြုံနေရ

ပုဂံ – ညောင်ဦးဒေသရှိ မြင်းကပါကျေးရွာတွင်လျှပ်စစ်မီးများပြတ်တောက်နေမှုကြောင့် ဒေသခံများ အခက်ကြုံနေရတယ်လို့ ပုဂံ ဒေသခံများထံမှ သိရပါတယ်။

အဆိုပါ မြင်းကပါကျေးရွာမှာ ၂၄ နာရီလုံးလုံး လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက် နေခဲ့တာဟာ ဒီကနေ့နဲ့
ဆိုပါက ရက်သတ္တပတ်ပြည့်ခဲ့ပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“မြင်းကပါကျေးရွာမှာ လွန်ခဲ့တဲ့ ၄ ၊ ၅ ရက်ထဲက လျှပ်စစ်မီး ဖြတ်တောက်ခံထားရတာ အခုဆိုရင် တစ်ပတ်ပြည့်ပါပြီ။ ၂၄ နာရီလုံးလုံးဆိုတော့ ဖုန်းအားသွင်းရင်တောင် ညောင်ဦးသွားသွင်းရတယ်၊ ပုဂံကိုသွားသွင်းရတယ်။ မြို့ပေါ်မှာလည်း အချိန်နဲ့ဘဲ အလှည့်ကျမီးပေးတယ်။ ရွာမှာလည်း မီးလုံးလုံးပြတ်နေတယ်၊ အဲ့လိုဖြစ်နေတာပေါ့။”လို့ အဆိုပါ ကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ယခုကဲ့သို့ လျှပ်စစ်မီးများပြတ်တောက်နေသည့် အတွက် ပုဂံ-ညောင်ဦး ဒေသခံများအနေနဲ့ အခက်အခဲများကြုံတွေ့နေရပြီး အချို့သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာလည်း လျှပ်စစ်မီးလိုအပ်ချက်က များစွာရှိနေတယ်လို့ ဒေသခံများက အခုလို ဆက်လက်ပြောပြခဲ့ပါတယ်။

“လျှပ်စစ်မီးတွေပြတ်နေလို့ မီးစက်တွေဝယ်ကြရတယ်။ ပုဂံမြို့ပေါ်ဆိုရင် ပစ္စည်းတောင်ပြတ်သွားတယ်၊ ဝယ်ကြတာ တချို့မဖြစ်မနေ အလုပ်လုပ်ရမယ့်သူတွေက ဝယ်ကြရတာပေါ့။ အရင်ကဆိုရင် ကျမတို့အိမ်က တစ်ရွာလုံးကို ရေအလကားပေးတာလေ၊ သောက်သုံးရေပေါ့။ အခုကျတော့ မပေးနိုင်တော့ဘူး။ ရေတစ်ဘူးကို ၅၀ နဲ့ ပြန်ရောင်းရတယ်၊ ချိုးရေကတော့ မြစ်ဆိပ်နဲ့နီးလို့ အဆင်ပြေတယ်ဘဲထားအုံး၊ သောက်ရေကျတော့ရှားသွားတာပေါ့။ တချို့ဆို ဖုန်းအားသွင်းဖို့ မီးစက်ရှိတဲ့ အိမ်တွေမှာ တစ်နာရီကို ၂၀၀ နဲ့အားသွင်းရတယ်။ ၅၀၀ နဲ့အားသွင်းရတယ်၊ အစားစားပေါ့ တော်တော်လေးအခက်အခဲဖြစ်သွားတာပါ။”လို့ သူက ဆက်ပြောပြခဲ့ပါတယ်။

မြင်းကပါကျေးရွာ ပုဂံ – ညောင်ဦးဒေသရဲ့ ထင်ရှားတဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပြီး လူနေအိမ်ထောင်ချီရှိတဲ့ ကျေးရွာကြီး တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ယခုလို လျှပ်စစ်မီးတွေ ပြတ်တောက်နေရတဲ့ အကြောင်းအရင်းကိုလည်း ဒီကနေ့အထိ သေသေချာချာ သိရှိရခြင်းမျိုးမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ အဆိုပါကျေးရွာတွင် လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည့်အတွက် အခက်အခဲများစွာကြုံနေရတယ်လို့လည်း ဒေသခံများက ပြောပြခဲ့တာပါ။

Zaw Gyi

ျမင္းကပါေက်း႐ြာတြင္တစ္ပတ္တိတိ လွ်ပ္စစ္မီးမ်ားျပတ္ေတာက္ေနမႈေၾကာင့္ေဒသခံမ်ား အခက္ႀကဳံေနရ

ပုဂံ – ေညာင္ဦးေဒသရွိ ျမင္းကပါေက်း႐ြာတြင္လွ်ပ္စစ္မီးမ်ားျပတ္ေတာက္ေနမႈေၾကာင့္ ေဒသခံမ်ား အခက္ႀကဳံေနရတယ္လို႔ ပုဂံ ေဒသခံမ်ားထံမွ သိရပါတယ္။

အဆိုပါ ျမင္းကပါေက်း႐ြာမွာ ၂၄ နာရီလုံးလုံး လွ်ပ္စစ္ဓါတ္အားေတြ ျပတ္ေတာက္ ေနခဲ့တာဟာ ဒီကေန႔နဲ႔
ဆိုပါက ရက္သတၱပတ္ျပည့္ခဲ့ၿပီ ျဖစ္တယ္လို႔လည္း ေဒသခံေတြက ဆိုပါတယ္။

“ျမင္းကပါေက်း႐ြာမွာ လြန္ခဲ့တဲ့ ၄ ၊ ၅ ရက္ထဲက လွ်ပ္စစ္မီး ျဖတ္ေတာက္ခံထားရတာ အခုဆိုရင္ တစ္ပတ္ျပည့္ပါၿပီ။ ၂၄ နာရီလုံးလုံးဆိုေတာ့ ဖုန္းအားသြင္းရင္ေတာင္ ေညာင္ဦးသြားသြင္းရတယ္၊ ပုဂံကိုသြားသြင္းရတယ္။ ၿမိဳ႕ေပၚမွာလည္း အခ်ိန္နဲ႔ဘဲ အလွည့္က်မီးေပးတယ္။ ႐ြာမွာလည္း မီးလုံးလုံးျပတ္ေနတယ္၊ အဲ့လိုျဖစ္ေနတာေပါ့။”လို႔ အဆိုပါ ေက်း႐ြာမွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

ယခုကဲ့သို႔ လွ်ပ္စစ္မီးမ်ားျပတ္ေတာက္ေနသည့္ အတြက္ ပုဂံ-ေညာင္ဦး ေဒသခံမ်ားအေနနဲ႔ အခက္အခဲမ်ားႀကဳံေတြ႕ေနရၿပီး အခ်ိဳ႕ေသာ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရာမွာလည္း လွ်ပ္စစ္မီးလိုအပ္ခ်က္က မ်ားစြာရွိေနတယ္လို႔ ေဒသခံမ်ားက အခုလို ဆက္လက္ေျပာျပခဲ့ပါတယ္။

“လွ်ပ္စစ္မီးေတြျပတ္ေနလို႔ မီးစက္ေတြဝယ္ၾကရတယ္။ ပုဂံၿမိဳ႕ေပၚဆိုရင္ ပစၥည္းေတာင္ျပတ္သြားတယ္၊ ဝယ္ၾကတာ တခ်ိဳ႕မျဖစ္မေန အလုပ္လုပ္ရမယ့္သူေတြက ဝယ္ၾကရတာေပါ့။ အရင္ကဆိုရင္ က်မတို႔အိမ္က တစ္႐ြာလုံးကို ေရအလကားေပးတာေလ၊ ေသာက္သုံးေရေပါ့။ အခုက်ေတာ့ မေပးႏိုင္ေတာ့ဘူး။ ေရတစ္ဘူးကို ၅၀ နဲ႔ ျပန္ေရာင္းရတယ္၊ ခ်ိဳးေရကေတာ့ ျမစ္ဆိပ္နဲ႔နီးလို႔ အဆင္ေျပတယ္ဘဲထားအုံး၊ ေသာက္ေရက်ေတာ့ရွားသြားတာေပါ့။ တခ်ိဳ႕ဆို ဖုန္းအားသြင္းဖို႔ မီးစက္ရွိတဲ့ အိမ္ေတြမွာ တစ္နာရီကို ၂၀၀ နဲ႔အားသြင္းရတယ္။ ၅၀၀ နဲ႔အားသြင္းရတယ္၊ အစားစားေပါ့ ေတာ္ေတာ္ေလးအခက္အခဲျဖစ္သြားတာပါ။”လို႔ သူက ဆက္ေျပာျပခဲ့ပါတယ္။

ျမင္းကပါေက်း႐ြာ ပုဂံ – ေညာင္ဦးေဒသရဲ႕ ထင္ရွားတဲ့ ေက်း႐ြာႀကီးတစ္ခုျဖစ္ၿပီး လူေနအိမ္ေထာင္ခ်ီရွိတဲ့ ေက်း႐ြာႀကီး တစ္ခုျဖစ္တယ္လို႔ သိရပါတယ္။

ယခုလို လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ေနရတဲ့ အေၾကာင္းအရင္းကိုလည္း ဒီကေန႔အထိ ေသေသခ်ာခ်ာ သိရွိရျခင္းမ်ိဳးမရွိဘူးလို႔လည္း ေဒသခံေတြက ေျပာပါတယ္။

လက္ရွိအခ်ိန္အထိ အဆိုပါေက်း႐ြာတြင္ လွ်ပ္စစ္မီးမ်ား အခ်ိန္ၾကာျမင့္စြာ ျပတ္ေတာက္ေနသည့္အတြက္ အခက္အခဲမ်ားစြာႀကဳံေနရတယ္လို႔လည္း ေဒသခံမ်ားက ေျပာျပခဲ့တာပါ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071