Friday, June 20, 2025

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...
HomeDhammaDhamma Thoughtsမုံရွာမြို့အရှေ့ဘက် သာစည်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်မဟာစေတီလှဘုရားကြီး

မုံရွာမြို့အရှေ့ဘက် သာစည်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်မဟာစေတီလှဘုရားကြီး

14881477_694933034005704_1835191654_o-copy

နိုင်ထွန်း(TGI )

မြန်မာသက္ကရာဇ် ၅၅၈ ခုနှစ်တွင် ပုဂံပြည့်ရှင်နရပတိစည်သူမင်းတည်ထားကိုးကွယ်ခဲ့သည့်မဟာစေတီလှဘုရားတည်ထားသော နေရာ သည် ဂေါတမမြတ် စွာဘုရား ရွှေသမင်ဘဝဖြစ်စဉ်ကာလက ကျင်လည် ကျက်စားနေထိုင်ခဲ့သည့် နေရာဖြစ်ပေ၏။ သက္ကရာဇ် ၅၅၈ခုနှစ် နရပတိစည်သူမင်းကြီး သစ်ကနက်ဖောင်ေ တ်ာဖြင့် ဧရာဝတီမှ ချင်းတွင်း သို့ ဆန်လေ၏၊ အလုံဆိပ်ကမ်းသို့ရောက်သော် မင်းကြီး၏ စီးတော်ဆင် မယဉ်သာကို အဓိဋ္ဌာန်ပြု၍ လွှတ်တော်မူ၏၊ ဆင်မယဉ်သာ လည်း ယခု မဟာစေတီ လှဘုရား တည်မည့်နေရာသို့ ရောက်သော် ပုဆစ်တုပ်၍ ရှိခိုးဦးခိုက်ဝပ်ပြုလေ၏၊ နရပတိစည်သူမင်း လည်း တန်ဆောင်မုန်းလ ဆန်း ၅ရက်နေ့တွင် မဟာစေတီလှဘုရားအား စတင်တည်ထား ကိုးကွယ်လေ၏၊ ဘုရားတည်ရန် မြေတူးစဉ်စေတီ ဟောင်းနှင့်ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော ဌာပနာတိုက် တစ်ခုတွေ့၏၊ ဓာတ် တော်မွေတော်များမှ ရောင်ခြည်တော် ကွန့်မြူးလေ၏၊ မင်းကြီးလည်း အင်မတန်ဝမ်း မြောက်ပြီး အကြံတစ် ခုပေါ်တော်မူ၏၊ ဌာပနာတိုက် အတွင်းသို့ ရွှေကိုယ်လေး၊ ငွေကိုယ်လေးဌာပနာ၏၊ ရွှေကိုယ်လေး၊ ငွေကိုယ်လေး ဆိုသည်မှာ မင်းကြီး၏ ကိုယ်အလေးချိန်နှင့် ညီသော ရွှေပိ ဿာချိန် ၄၅ ပိဿာနှင့် ပုံတူရွှေသား ရုပ်တု၊ မိဖုရားကြီး ကိုယ်အလေး ချိန်နှင့်ညီသော ရွှေချိန် ၃၆ ပိဿာနှင့် ပုံတူရွှေသားရုပ်တု၊ အလားတူ သားတော်၊ သမီးတော်တို့၏ ကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေသားရုပ် တု၊ ဝန်ကြီး၊ မှူးကြီး၊ မတ်ရာ၊ သေနာပတိ၊ တပ်မှူးတို့၏ ကိုယ်စား၊၄င်းတို့၏ ကိုယ်အလေးချိန်နှင့် ညီမျှသော ငွေသားရုပ်တုပေါင်း ၄ဝ ခုတို့ကို ညီလာခံသဘင်ကျင်းပနေပုံ ငွေကိုယ်လေးအဖြစ် ဌာပနာ၏၊ တရားရှင်၏ ဓာတ်တော်နှင့် မွေရှင် တော် ၁၂ဆူကို   ရွှေကြုပ်၊ သတ္တဌာနအစုံတစ်ဌာန လျှင် ရွှေချိန်ပိဿာ၅ဝကျပ်သားစီ ဌာပနာတော်မူ၏၊ ဓာတ်တော်တိုက် အနက်ကား အတောင်၎ဝရှိ၏၊ ဘုရားပိုင်ဝတ္တကနယ်   မြေအဖြစ် ကျေးရွာ ပေါင်း ၆၄ရွာ သတ်မှတ်ပေးတော်မူ၏၊ ထို့အပြင် ဘုရားကြီးအား ထိန်း သိမ်းစောင့်ရှောက်သန့်ရှင်းရေးပြုလုပ်ရန် ငနီလာနှင့် အိမ်ထောင်စု ၁ဝစုအားဘုရားကျွန်အဖြစ် လှူတော်မူခဲ့၏၊ ဘုရားပွဲ အား တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရန်သတ်မှတ်ပေးခဲ့၏၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဝါကျွတ်ပွဲတော် တို့ဖြစ်လေ၏၊

နရပတိစည်သူမင်းသည် ကျေးရွာ၆၄ရွာအား ကျိန်စာဆို ဆုတောင်း၍ ရေစက်သွန်းချလေ၏။ ကျိန်စာတွင် “ငါကိုယ်တော်မြတ် သတ်မှတ်တော်မူသော ၆၄ ရွာ နယ်မြေအတွင်း၌ နေထိုင်လုပ်ကိုင် စားသောက်သူတို့သည် ငါ၏ကောင်းမှုစေတီဖြစ်သော မဟာစေတီ လှဘုရားကြီးအား ပြုပြင်မွမ်းမံခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး တို့ဖြင့် တင်လှူပူဇော်ခြင်း၊ ကောင်းမှုကို ပြုလုပ်ကြရမည်။ တောင်ယာ လယ်လုပ်ငန်းလုပ်ကိုင်စားသောက်သူတို့သည်လည်း မိမိတို့ယာခင်းကို သီးနှံမျိုးစေ့ ၅တင်းကြဲကို (၁)ပယ်တွက်၍ ထိုငွေထဲမှ ကောက်သိမ်းသူ အခွန်တော် မြေဒိုင်သူကြီးအား (၂)မူးပေးသွင်း၍ မဟာစေတီလှ ဘုရားကြီးအား (၃)ကျပ် လှူရမည်။ ငါကိုယ်တော်မြတ် ထားတော်မူခဲ့ သည့်အတိုင်း လုပ်ဆောင်ခြင်းမပြုသူတို့သည် အဝီစိငရဲ၌ ခံရပါစေ သတည်း။ ငါကိုယ်တော်မြတ် ထားတော်မူခဲ့ သည့်အတိုင်း မဟာစေတီလှ ဘုရားကြီးအား ပြုပြင်မွမ်းမံလှူဒါန်းသူတို့သည် ဘဝအဆက်ဆက် လူမင်း၊ နတ်မင်း၊ စည်းစိမ်ကိုခံစား၊ စံစားရပြီး၍ အဆုံးစွန်သော ဘဝ၌ ပွင့်တော်မူမည့် ဘုရားရှင်ကို ဦးစွာဖူးတွေ့ရလျက် အို၊ နာ၊ သေဘေးမှ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကိုရစေ၊ ရောက်စေသတည်း” ဟုပါရှိ လေ၏။   မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင် ကြောင့် မြေခခဲ့သော ပထမငှက်ပျောဖူးတော်နှင့် ပုဂ္ဂိုလ်ထူးတစ်ဦးမှ ၁၂၆၅ခုနှစ်ခန့်တွင် ညတွင်း ချင်းအပြီး တည်သွားသော စေတီငယ် တစ်ဆူကိုလည်း ဖူးတွေ့နိုင်သလို  သာစည်ဆည်နှင့် ဆည်တော်မြင် စေတီ၊ တဝဂူဓမ္မသိဒ္ဓီဘုရား များသို့လည်း ဆက်လက် ဖူးမြော်နိုင်ပါသည်။

နိုင်ထွန်း (TGI)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071