ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ မဲပေးရမည် ဖြစ်သည်။
အဆိုပါ အီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ မဲပေးနည်းကို မဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင်များက လိုက်လံရှင်းလင်းပြသလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်း၌ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး အဆိုပါမဲပေးစက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်နှင့် ပြည်တွင်းကျွမ်းကျင်နည်းပညာရှင်များပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဒီဇိုင်းပုံစံတီထွင်ထုတ်လုပ်ထား ခြင်းဖြစ်သည်ဟုသိရသည်။
ထိုအီလက်ထရောနစ် မဲပေးစက်တွင် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသည့် စနစ်ပါရှိကြောင်း သိရသည်။
ကော်မရှင်၏ ဝက်ဘ်ဆိုဒ် uec.gov.mm တွင်လည်း ပုံစံ ၁၅ များ ရှိသည်။ မဲဆန္ဒရှင်များသည် နယ်မြေအလိုက် မိမိတို့ မဲဘယ်နှခု ပေးရမည်ကို သိရှိရန် စာရင်းများထွက်ရှိလာပါက ပိုကောင်းမည်ဟုဆိုကြသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ ကိန်းဂဏန်း အချက်အလက် အမှား နှင့် ရွေးကောက်ပွဲ မသမာမှုများ မဖြစ်စေရေးသည်လည်း ကော်မရှင်အတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။
