Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalမဲဆွယ်ပွဲတွင် ၃၉ ဦး...

မဲဆွယ်ပွဲတွင် ၃၉ ဦး ‌ေ-သဆုံးပြီးနောက် တမီလ် သရုပ်ဆောင်-နိုင်ငံရေးသမား ဗီဂျေး၏ပါတီကို အိန္ဒိယရဲတပ်ဖွဲ့ အမှုဖွင့်

မဲဆွယ်လူထုစည်းဝေးပွဲတွင် လူ ၃၉ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ၊ လူ ၅၀ ကျော် ဒ-ဏ်ရာရရှိခဲ့ပြီးနောက် တမီလ်သရုပ်ဆောင် ဗီဂျေး၏ နိုင်ငံရေးပါတီခေါင်းဆောင်များအား  ရဲတပ်ဖွဲ့က ရာဇဝတ်မှုဖြင့် အမှုဖွင့်လိုက်ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ဗီဂျေးသည် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲအတွက် သူ၏ တမီလ်ဂါ ဗက်ထရီ ကာဇာဂမ် (TVK) ပါတီအတွက် မဲဆွယ်စည်းရုံးနေခြင်း ဖြစ်သည်။

တမီလ်နာဒူး ရဲတပ်ဖွဲ့က အဆိုပါအမှုကို စွဲချက်တင်နိုင်ခြေအတွက် ပထမဆုံးခြေလှမ်းအဖြစ် “TVK ပါတီမှ အကြီးတန်းခေါင်းဆောင်များဖြစ်ကြသော ဘူဆီ အာနန်၊ နီရ်မယ်လ် ကုမာရ်နှင့် ဗွီပီ မာသီယာလာဂန် တို့အား အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” အကြီးတန်းရဲအရာရှိ ဗွီ ဆယ်လ်ဗာရတ်ဂျ် က ပြောကြားသည်။

“TVK က မူလက လူပေါင်း ၁၀,၀၀၀ စုဝေးခွင့်သာ ခွင့်ပြုချက်တောင်းခဲ့ပေမဲ့ တကယ်တမ်းရောက်လာတဲ့ လူအုပ်က နှစ်ဆကျော် ပိုများနေပါတယ်” ဟု သူက ပြောသည်။

ဆယ်စုနှစ်သုံးခုကြာ တမီလ်ရုပ်ရှင်လောကတွင် လူကြိုက်များသည့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဗီဂျေးသည် ၂၀၂၄ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးပါတီကို စတင်တည်ထောင်ခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်နေသော ဒီအမ်ကေ (DMK) ပါတီနှင့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၏ ဘာရာတီယ ဂျနတာပါတီ(Bharatiya Janata Party) နှစ်ခုလုံးကို ပ-စ်မှတ်ထားကာ လူထုအစည်းအဝေးများတွင် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

ကာရုခရိုင်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် “ကြေကွဲဝမ်းနည်းရသည်” ဟု ပြောကြားခဲ့ပြီး ‌ေ-သဆုံးသူများ၏ မိသားစုများကို ကူညီပံ့ပိုးပေးမည်ဟုလည်း သူကကတိပြုခဲ့သည်။

တမီလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် အမ်ကေ စတာလင်က မိသားစုတစ်စုလျှင် ရူပီ ၁ သန်း (စင်ကာပူဒေါ်လာ ၁၄,၇၀၀) လျော်ကြေးပေးမည်ဟု ကြေညာခဲ့သည်။

ပြည်နယ်အစိုးရက လူများ‌ေ-သဆုံးရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အငြိမ်းစားတရားသူကြီးတစ်ဦး ဦးဆောင်သော ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်သည်။

ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း အဆိုပါဖြစ်ရပ်အတွက် “အလွန်စိတ်မကောင်းဖြစ်ရသည်” ဟု X တွင် ရေးသားခဲ့သည်။

ဒေသတွင်း မီဒီယာများမှ ဗီဒီယိုများတွင် ဗီဂျေးသည် မဲဆွယ်စည်းရုံးရေးယာဉ်ကြီးပေါ်တွင်ရပ်၍ စကားပြောကြားနေသည်ကို လူထောင်ပေါင်းများစွာ ဝိုင်းရံနေပုံကို ပြသခဲ့သည်။ စည်းရုံးပွဲအတွင်းတွင် ပရိသတ်ထိန်းမနိုင်သိမ်းမရဖြစ်လာသောအခါ သတိလစ်သွားသည့် ထောက်ခံသူများကို ယာဉ်ပေါ်မှ ရေသန့်ဘူးများ ပ-စ်ပေးကာ ရဲအကူအညီတောင်းခံနေသည့် ဗီဂျေး၏ပုံရိပ်များကိုလည်း ပြသထားသည်။

Ref:thestraitstimes

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071